Microsoft account ကို recovery လုပ်ချင်သူများအတွက်

Microsoft account ကိုအချိန်ကြာမြင့်စွာ မသုံးစွဲလို့ အကောင့် password မေ့သွားတာပဲဖြစ်ဖြစ် အကောင့် ပြန်သုံးလို့မရတော့တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံလာတဲ့အခါမျိုးတွေမှာပဲဖြစ်ဖြစ် Microsoft account ဖြစ်တဲ့ outlook, Hotmail အစရှိတာတွေကို ပြန်လည် recovery လုပ်ယူနိုင်မှာဖြစ်ပါတယ်။

Microsoft account တွေ ဖြစ်တဲ့ Outlook, Hotmail အစရှိတာတွေကို recovery လုပ်ဆောင်ချင်တယ်ဆိုရင် Microsoft account recovery လုပ်ဆောင်နိုင်မယ့် http://bit.ly/2YPGHQB ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားပါ။ ပြီးရင် https://account.live.com/acsr ဆိုတဲ့ လိပ်စာကို ထပ်မံ ကလစ်နှိပ်ပြီး ကိုယ့်အကောင့်ကို ရိုက်ထည့်ပေးရပါမယ်။ ပြီးရင် ဖော်ပြထားတဲ့ ညွှန်ကြားချက်တွေ အတိုင်း ထပ်မံလုပ်ဆောင် ပေးပြီး Next ကို နှိပ်ပါ။

ဒါဆိုရင် contact လုပ်ရမယ့် mail ထဲကို verification code ပို့ပေးပါလိမ့်မယ်။ အဆိုပါ code ကို ထည့်သွင်းပြီး Ok ကို နှိပ်လိုက်ရင် password အ သစ်ထည့်သွင်းဖို့အတွက်ဖော်ပြ ပေးထားတာကိုတွေ့မြင်ရမှာ ဖြစ်ပါတယ်။

Password အသစ် ထည့်သွင်းပြီးပြီဆိုရင် Microsoft account ကို recovery ပြန်လည်လုပ်ယူပြီးပြီ ဖြစ်ပါတယ်။

-သီဟ