Microsoft 365 ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့

Microsoft 365 ဝန်ဆောင်မှုတွေဟာ တနင်္လာနေ့နှောင်းပိုင်းမှာ ပြတ်တောက်ခဲ့ပါတယ်။ Outlook အပါအဝင် ဝန်ဆောင်မှု တော်တော်များများ ပြတ်တောက်သွားတာ ဖြစ်ပါတယ်။

အခုအခါမှာတော့ Microsoft 365 ဝန်ဆောင်မှုကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ထိခိုက်သွားတဲ့ ဝန်ဆောင်မှုတွေ သိသိသာသာ တိုးတက်လာတယ်လို့ Microsoft ကပြောခဲ့ပါတယ်။

Microsoft 365 ပြတ်တောက်မှုမှာ Outlook.com, Office.com, Power Platform, Dynamiic365 နဲ့ Microsoft Teams အပြင် Teams Live Event လည်းပါဝင်လာပါတယ်။

အင်တာနက်ပြတ်တောက်မှုကို ဖော်ပြပေးတဲ့ Down Detector ထုတ်ပြန်ချက်အရ သုံးစွဲသူတွေ Outlook နဲ့ ဆာဗာချိတ်ဆက်မှု Log in ဝင်ရာမှာ ပြဿနာတွေ ကြုံခဲ့ရတယ်။ Office 365 ကတော့ ညနေ ငါးနာရီ (ET) မှာကျသွားခဲ့ပါတယ်။

Microsoft ကတော့ အစောပိုင်းမှာ platform အပြောင်းအလဲကြောင့် ပြတ်တောက်မှု ဖြစ်ပွားတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အပြောင်းအလဲကို ပြန်ရုပ်သိမ်းပြီး အောင်မြင်တဲ့ ချိတ်ဆက်မှု တိုးလာတာကို သတိမပြုမိကြောင်းနဲ့ ပြတ်တောက်ရတဲ့ ပြဿနာကို စိစစ်သွားမယ်လို့ Microsoft ကပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNN

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««