Microsoft ၏ မြန်မာမိတ်ဖက်ကုမ္ပဏီများ ဒီဂျစ်တယ်စနစ်အတွက်ပူးပေါင်းဆောင်ရွက်မည်

Microsoft ရဲ့ မြန်မာမိတ်ဖက် ကုမ္ပဏီတွေအနေနဲ့ ဒီဂျစ်တယ်စနစ်အသွင်း ကူပြောင်းခြင်းဆိုင်ရာ အခွင့်အလမ်းတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါတယ်။

အရှေ့တောင် အာရှဒေသမှာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ Microsoft ဟာ အရှေ့တောင်အာရှ New Markets Partner Summit 2017 ကို အခုလအစောပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒုတိယအကြိမ် ကျင်းပခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မော်လဒိုက်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံ များရှိ ဈေးကွက် ၉ ခုမှ ပူးတွဲဆောင်ရွက် သူများအပါအဝင် မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့မှ မိတ်ဖက်ခေါင်းဆောင် စုစုပေါင်း ၁၃၈ ဦးကို စုစည်းတွေ့ဆုံပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီကနေတစ်ဆင့် နိုင်ငံအသီးသီးတွေဟာ ဒီဂျစ်တယ်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ရဲ့ လေ့လာတွေ့ရှိချက်အရ အာဆီယံဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များရဲ့ ၉၁ ရာခိုင်နှုန်းက data အချက်လက်တွေကို လျင်မြန်စွာ အသုံးပြုနိုင်တဲ့ လုပ်ငန်းရှိရန် အရေးပါတယ်လို့ ဆိုပေမယ့်လည်း ၄၄ ရာခိုင်နှုန်းက ပြည့်စုံကောင်းမွန်တဲ့ ဒီဂျစ်တယ်နည်းဗျူဟာနဲ့ ရပ်တည်နေတယ်လို့ ယုံကြည်ကြတယ်။ Microsoft အနေနဲ့ လက်ရှိဖြစ်နေတဲ့ စတုတ္ထ စက်မှုနှင့် နည်းပညာတော်လှန်ရေး (The 4th Industrial Revolution) ကြောင့် အရှေ့တောင်အာရှ စီးပွားရေးနယ်ပယ်အတွက် လေးနက်တဲ့ ပြောင်းလဲမှုကို ယူဆောင်လာစေပြီး မိတ်ဖက်ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ပုံ စနစ်နဲ့တကွ သူတို့ရဲ့ စီးပွားရေးနဲ့ အဖွဲ့အစည်းတွေ ဒီဂျစ်တယ်အသွင်ကူးပြောင်းတဲ့ ခရီးစဉ်တစ်လျှောက်မှာ တမူထူးခြားတဲ့ အခွင့်အလမ်းများနဲ့ ကျွန်မတို့နယ်ပယ်မှာရှိတဲ့ လူသန်းပေါင်းများစွာကို ပိုမိုအောင်မြင်လာစေဖို့ ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ Microsoft ရဲ့ South East Asia New Markets အထွေထွေမန်နေဂျာ Michelle Simmons Michelle Simmons မှ ဆိုပါတယ်။

-ထွန်းထွန်း