Microsoft ရဲ႕ ေခါက္ႏိုင္တဲ့ Surface ထုတ္ကုန္ကို ဒီႏွစ္အတြင္း ေတြ႕ျမင္ရဖြယ္မရိွ

[ Zawgyi ]

Microsoft အေနနဲ႔ မ်က္ႏွာျပင္ကုိ ထက္ဝက္ေခါက္ထားႏိုင္တဲ့ Surface Phone သို႔မဟုတ္ mini-tablet ကိုဖန္တီးေနတဲ့ ေကာလာဟလ သတင္းေတြ ထြက္ေပၚေနတာ ကာလအတန္ၾကာ ရွိပါၿပီ။ အဲဒီ Surface ထုတ္ကုန္အတြက္ hardware နဲ႔ software ကိုျပန္လည္ လုပ္ကုိင္ေနတဲ့အတြက္ ၂၀၁၉ ခုႏွစ္အထိ မိတ္ဆက္ဖြယ္မရွိေသးဘူးလို႔ သတင္းတစ္ပုဒ္က ေဖာ္ျပေနပါတယ္။

Microsoft အေနနဲ႔ Surface အရည္အေသြးနဲ႔ပတ္သက္ၿပီး မေက်နပ္ေသးတဲ့အတြက္ ျပန္လည္ ျပင္ဆင္ေနတယ္လို႔ သတင္းရင္းျမစ္ေတြက Thurrott သတင္းဝက္ဘ္ဆုိက္ကုိေျပာခဲ့ပါတယ္။ Microsoft အေနနဲ႔ Surface ထုတ္ကုန္ကုိ ျပန္လည္႐ုပ္သိမ္းမွာ မဟုတ္ေပမယ့္ ေျခလွမ္းေတြကုိ ျပန္လည္ သုံးသပ္သြားမွာ ျဖစ္ပါတယ္။

Microsoft က စီမံကိန္းကို ဆက္လက္လုပ္ကိုင္မွာျဖစ္ၿပီး ဖ်က္သိမ္းသြားဖို႔ မရွိဘူးလို႔ သိရပါတယ္။

Surface ထုတ္ကုန္သစ္မွာ စမတ္ဖုန္းအစိတ္အပုိင္းေတြကုိ အသုံးျပဳထားၿပီး စမတ္ဖုန္းအရြယ္ျဖစ္ေအာင္ ထက္ဝက္ေခါက္ထား ႏိုင္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အဲဒီထုတ္ကုန္ကုိ “Surface Phone” အျဖစ္ေဈးကြက္မွာ တင္သြင္းေရာင္းခ်သြားမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ Microsoft က အဲဒီထုတ္ကုန္ကုိ အိတ္ေဆာင္အရြယ္ ထုတ္ကုန္အျဖစ္ ရည္ၫႊန္းထားပါတယ္။

Surface ထုတ္ကုန္သစ္မွာ Windows 10 ကို ျပန္လည္ျပင္ဆင္ထားတဲ့ modular သစ္တစ္ခုျဖစ္တဲ့ Andromeda OS ကို အသုံးျပဳထားဖြယ္ရွိၿပီး အသုံးျပဳထားတဲ့ hardware ေပၚမူတည္ကာ မတူညီတဲ့ software ေတြထည့္သြင္းတာ ဒါမွမဟုတ္ ဖယ္ရွားတာ ျပဳလုပ္ႏိုင္ပါတယ္။ အခုအခါမွာေတာ့ ေကာလာဟလသတင္းအဆင့္သာရွိေသးၿပီး ၂၀၁၉ ခုႏွစ္က်မွပဲ အျပည့္အစုံသိရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

စိုးထက္
Ref: TechRadar

[ Unicode ]

Microsoft အနေနဲ့ မျက်နှာပြင်ကို ထက်ဝက်ခေါက်ထားနိုင်တဲ့ Surface Phone သို့မဟုတ် mini-tablet ကိုဖန်တီးနေတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတာ ကာလအတန်ကြာ ရှိပါပြီ။ အဲဒီ Surface ထုတ်ကုန်အတွက် hardware နဲ့ software ကိုပြန်လည် လုပ်ကိုင်နေတဲ့အတွက် ၂၀၁၉ ခုနှစ်အထိ မိတ်ဆက်ဖွယ်မရှိသေးဘူးလို့ သတင်းတစ်ပုဒ်က ဖော်ပြနေပါတယ်။

Microsoft အနေနဲ့ Surface အရည်အသွေးနဲ့ပတ်သက်ပြီး မကျေနပ်သေးတဲ့အတွက် ပြန်လည် ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက Thurrott သတင်းဝက်ဘ်ဆိုက်ကိုပြောခဲ့ပါတယ်။ Microsoft အနေနဲ့ Surface ထုတ်ကုန်ကို ပြန်လည်ရုပ်သိမ်းမှာ မဟုတ်ပေမယ့် ခြေလှမ်းတွေကို ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပါတယ်။

Microsoft က စီမံကိန်းကို ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး ဖျက်သိမ်းသွားဖို့ မရှိဘူးလို့ သိရပါတယ်။

Surface ထုတ်ကုန်သစ်မှာ စမတ်ဖုန်းအစိတ်အပိုင်းတွေကို အသုံးပြုထားပြီး စမတ်ဖုန်းအရွယ်ဖြစ်အောင် ထက်ဝက်ခေါက်ထား နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲဒီထုတ်ကုန်ကို “Surface Phone” အဖြစ်ဈေးကွက်မှာ တင်သွင်းရောင်းချသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Microsoft က အဲဒီထုတ်ကုန်ကို အိတ်ဆောင်အရွယ် ထုတ်ကုန်အဖြစ် ရည်ညွှန်းထားပါတယ်။

Surface ထုတ်ကုန်သစ်မှာ Windows 10 ကို ပြန်လည်ပြင်ဆင်ထားတဲ့ modular သစ်တစ်ခုဖြစ်တဲ့ Andromeda OS ကို အသုံးပြုထားဖွယ်ရှိပြီး အသုံးပြုထားတဲ့ hardware ပေါ်မူတည်ကာ မတူညီတဲ့ software တွေထည့်သွင်းတာ ဒါမှမဟုတ် ဖယ်ရှားတာ ပြုလုပ်နိုင်ပါတယ်။ အခုအခါမှာတော့ ကောလာဟလသတင်းအဆင့်သာရှိသေးပြီး ၂၀၁၉ ခုနှစ်ကျမှပဲ အပြည့်အစုံသိရမယ်လို့ မျှော်လင့်ရပါတယ်။

စိုးထက်
Ref: TechRadar