Microsoft ရဲ႕ ဘတ္ဂ်က္ Surface တက္ဘလက္တြင္ Pentium ခ်စ္ပ္မ်ား အသံုးျပဳဖြယ္ရိွ

[ Zawgyi ]

၂၀၁၈ ခုႏွစ္အတြင္း ေဒၚလာ ၄၀၀ တန္ Microsoft Surface တက္ဘလက္ ထြက္ရိွမယ္ဆိုတဲ့ သတင္းေတြဟာ ဒီတစ္ပတ္မွာ ထြက္ေပၚလာခဲ့တဲ့ FCC ထံ ေလွ်ာက္ထားခ်က္ေတြနဲ႔ ေစ်းသက္သာတဲ့ခ်စ္ပ္ အသံုးျပဳမယ္ဆိုတဲ့ ခန္႔မွန္းခ်က္ေတြေၾကာင့္ ပိုမိုအားေကာင္း လာခဲ့ပါတယ္။

ဘတ္ဂ်က္ Surface ကို Apple iPad နဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔အတြက္ ရည္ရြယ္ဖန္တီးတာျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။ လက္ရိွ Surface Pro ကေတာ့ iPad Pro နဲ႔ယွဥ္ၿပိဳင္ဖို႔ ရည္ရြယ္ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

အဆိုပါ ထုတ္ကုန္သစ္မွာ Core ခ်စ္ပ္ေတြထက္ ေစ်းသက္သာၿပီး စြမ္းေဆာင္ရည္နိမ့္တဲ့ Intel Pentium ခ်စ္ပ္ေတြကို အသံုးျပဳမယ္လို႔ WinFuture က ဇူလိုင္ ၄ ရက္ (ဗုဒၶဟူးေန႔) က ေဖာ္ျပခဲ့ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ဒီတစ္ပတ္အတြင္းမွာ ထြက္ေပၚလာခဲ့တဲ့ FCC ထံ တင္ျပေလွ်ာက္ထားခ်က္ေတြေၾကာင့္ Surface ထုတ္ကုန္သစ္ကို ဒီႏွစ္အတြင္းမွာ ေတြ႕ျမင္ရဖြယ္ရိွပါတယ္။

ဒီႏွစ္အေစာပိုင္းကလည္း အဆိုပါ တက္ဘလက္အေၾကာင္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကို Bloomberg က ေဖာ္ျပခဲ့ဖူးပါတယ္။ အဲ့ဒီသတင္းအရ Surface သစ္မွာ ၁၀ လက္မ screen ပါဝင္လာမယ္လို႔ သိရပါတယ္။ လက္ရိွ Surface Pro ေမာ္ဒယ္ေတြမွာေတာ့ ၁၂ လက္မ screen ပါဝင္ပါတယ္။

-ေနာင္ေနာင္
Ref: CNET

[ Unicode ]

၂၀၁၈ ခုနှစ်အတွင်း ဒေါ်လာ ၄၀၀ တန် Microsoft Surface တက်ဘလက် ထွက်ရှိမယ်ဆိုတဲ့ သတင်းတွေဟာ ဒီတစ်ပတ်မှာ ထွက်ပေါ်လာခဲ့တဲ့ FCC ထံ လျှောက်ထားချက်တွေနဲ့ စျေးသက်သာတဲ့ချစ်ပ် အသုံးပြုမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ပိုမိုအားကောင်း လာခဲ့ပါတယ်။

ဘတ်ဂျက် Surface ကို Apple iPad နဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ရည်ရွယ်ဖန်တီးတာဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။ လက်ရှိ Surface Pro ကတော့ iPad Pro နဲ့ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ ထုတ်ကုန်သစ်မှာ Core ချစ်ပ်တွေထက် စျေးသက်သာပြီး စွမ်းဆောင်ရည်နိမ့်တဲ့ Intel Pentium ချစ်ပ်တွေကို အသုံးပြုမယ်လို့ WinFuture က ဇူလိုင် ၄ ရက် (ဗုဒ္ဓဟူးနေ့) က ဖော်ပြခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒီတစ်ပတ်အတွင်းမှာ ထွက်ပေါ်လာခဲ့တဲ့ FCC ထံ တင်ပြလျှောက်ထားချက်တွေကြောင့် Surface ထုတ်ကုန်သစ်ကို ဒီနှစ်အတွင်းမှာ တွေ့မြင်ရဖွယ်ရှိပါတယ်။

ဒီနှစ်အစောပိုင်းကလည်း အဆိုပါ တက်ဘလက်အကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကို Bloomberg က ဖော်ပြခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအရ Surface သစ်မှာ ၁၀ လက်မ screen ပါဝင်လာမယ်လို့ သိရပါတယ်။ လက်ရှိ Surface Pro မော်ဒယ်တွေမှာတော့ ၁၂ လက်မ screen ပါဝင်ပါတယ်။

-နောင်နောင်
Ref: CNET