Microsoft ရဲ့ Xbox Series S ဂိမ်းခလုတ် ထွက်လာ

Microsoft ဟာ ဒီလအတွင်း ဒုတိယမြောက် Xbox ဂိမ်းစက် တစ်မျိုးကို မိတ်ဆက်မယ်လို့ ကောလာဟလထွက်နေပါတယ်။

အဲဒီဂိမ်းစက်ဟာ ဈေးသက်သာပြီး Xbox Series S လို့ခေါ်ဆိုဖွယ်ရှိပါတယ်။ အခုဆိုရင် Xbox Series S ဂိမ်းခလုတ် ဓာတ်ပုံ ထွက်လာပါတယ်။ အဲဒီပုံကို Twitter သုံးစွဲသူ Zak S ဆိုသူက ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

ဂိမ်းခလုတ်ကို ဝက်ဘ်ဆိုက်တစ်ခုကနေ ဝယ်ယူခဲ့ပါတယ်။ အဲဒီဂိမ်းခလုတ်က Xbox Series X နဲ့ Xbox Series X ဂိမ်းစက်တွေနဲ့ အသုံးပြုနိုင်ပါတယ်။ Microsoft အနေနဲ့ Xbox Series S ကိုတရားဝင် ထုတ်ဖော်မပြသသလို Xbox Series X ဂိမ်းခလုတ် အဖြူကိုလည်း တရားဝင်အတည်မပြုထားပါဘူး။

-စိုးထက်
Ref: TheVerge