Microsoft ရဲ့ကုတ်ရေးစရာ မလိုဘဲ အခမဲ့ app ဖန်တီးနိုင်မယ့် AI မော်ဒယ်

Microsoft က ကုတ်ရေးစရာ မလိုဘဲ machine learning မော်ဒယ်တွေကို လေ့ကျင့်ပေးနိုင်မယ့် အခမဲ့ app တစ်မျိုးကို အကြိုပြသ မိတ်ဆက်ခဲ့ပါတယ်။

Windows နဲ့ Mac အတွက် ထုတ်ထားတဲ့ Lobe desktop app ကတော့ ရုပ်ပုံတွေ အမျိုးအစားခွဲတဲ့ လုပ်ဆောင်ချက်ပဲ ထောက်ပံ့ရပါသေးတယ်။ Microsoft ကတော့ အနာဂတ်မှာ အခြားမော်ဒယ်နဲ့ အချက်အလက်အမျိုးအစားတွေ တိုးချဲ့သွားပါမယ်။

“သင်ယူလိုတဲ့ အရာတွေကို ဥပမာအနေနဲ့ ပြလိုက်ရုံပါပဲ။ App ထဲကို တင်ပို့နိုင်မယ့် စိတ်ကြိုက် machine learning မော်ဒယ်တစ်ခုကို လေ့ကျင့်ပေးနိုင်ပါတယ်” လို့ Lobe ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

-စိုးထက်
Ref: TheNextWeb

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««