Microlab M-111 Speaker

ရုပ်ရှင်နဲ့ ဗီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းတို့အတွက် TV ,DVD Player တို့နဲ့ ချိတ်ဆက်နိုင်သလို Smart Phone , Tablet , Desktop, Laptop စတာတွေနဲ့လည်း 3.5mm ကနေ ချိတ်ဆက် အသုံးပြုနိုင်မယ့် Microlab M-111 Speaker ဖြစ်ပါတယ်။ Bluetooth စနစ် ထောက်ပံ့ထားခြင်းတော့ မရှိပါဘူး။ X-Bass Technology ကို အသုံးပြုထားတဲ့ 2.1 Subwoofer system Speaker အမျိုးအစားဖြစ်လို့ Digital Media အတွက် အကောင်းမွန်ဆုံးအသံကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ အသံထွက် စွမ်းအား Output power : 3 Watt x 2+6 Watt အထိ ရရှိမှာပါ။ ကိုယ်ထည်ကို MDF/plastic နဲ့ တည်ဆောက်ထားပါတယ်။ Speaker အနေနဲ့ Satellites , Subwoofer ပါဝင်မှာ ဖြစ်ပါတယ်။

တန်ဖိုးက ၄၀,၉၀၀ ကျပ်ဖြစ်ပြီး Microlab Myanmar ဖုန်း – ၀၉၂၅၈၈၁၈၈၈၇ ကနေ တရားဝင် တင်သွင်းဖြန့်ချိတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««