Microlab M-106 Bluetooth Speaker

နောက်ဆုံးပေါ် Bluetooth Wireless Technology ကိုအသုံးပြုထားပြီး Smartphone, Tablet, CD/DVD player, Mp3/Mp4 player အပြင် PC/Notebook တွေနဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်မယ့် Microlab M-106 Bluetooth Speaker ဖြစ်ပါတယ်။ စာကြည့်ခန်း၊ အိပ်ခန်းနဲ့ ထမင်းစားခန်းတို့လို အခန်းမျိုးတွေမှာ တပ်ဆင်အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Output power က 10 Watt (RMS) ရှိမှာ ဖြစ်ပါတယ်။ Power distribution က 2.5 Watt x 2 + 5 Watt RMS အထိ ရရှိမှာပါ။ Frequency response အနေနဲ့က 35 Hz – 20 kHz အထိ ရရှိစေမှာဖြစ်တဲ့အတွက် အသံအသေးစိတ်ကို သိရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ Tweeter driver type က 3″, 4Ω နဲ့ Woofer driver type က 4″ , 8Ω ရှိ Speaker တွေ ထောက်ပံ့ထားပါတယ်။ ဝယ်ယူတဲ့အခါမှာ Satellites နှစ်ခု၊ Subwoofer တစ်ခု၊ 3.5 mm stereo – 3.5 mm stereo audio cable တစ်ချောင်းနဲ့ User manual စတာတွေပါဝင်မှာပါ။

တန်ဖိုးက ၃၃,၄၀၀ ကျပ် ဖြစ်ပြီး Microlab Myanmar ဖုန်း – ၀၉ ၂၅၈ ၈၁၈၈၈၇ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««