Mi Pocket Speaker 2 ကို အိႏၵိယမွာ မိတ္ဆက္လိုက္တဲ့ Xiaomi
[ Zawgyi ]
-နောင်နောင်
Ref: GSMArena
[ Unicode ]
Xiaomi ဟာ Bluetooth စပီကာသစ်တစ်မျိုးဖြစ်တဲ့ Mi Pocket Speaker 2 ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။
Mi Pocket Speaker 2 ဟာ ကျစ်လျစ်သပ်ရပ်တဲ့ Bluetooth စပီကာတစ်ခုဖြစ်ပြီး အရှည် ၃.၆ လက်မနဲ့ အကျယ် ၂.၃ လက်မသာရှိပါတယ်။ ကိုယ်ထည်ရဲ့အောက်ဘက်ပိုင်းကို ပိုလီကာဗွန်နိုက် + ABS နဲ့ ဖန်တီးထားပြီး အပေါ်ဘက်အပိုင်းကိုတော့ အလူမီနီယံနဲ့ ပြုလုပ်ထားပါတယ်။
စပီကာရဲ့ အဓိက feature က ဂျာမန် audio engineering ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tymphany ရဲ့ 5W စပီကာ ပါဝင်လာခြင်းဖြစ်ပါတယ်။ ဒါ့အပြင် Bluetooth 4.1 နဲ့ချိတ်ဆက်နိုင်ပါတယ်။ ဘက်ထရီက 1,200mAh ဖြစ်ပြီး ရ နာရီဆက်တိုက် သီချင်းနားထောင်နိုင်ပါတယ်။
Mi Pocket Speaker 2 ကို အဖြူ သို့မဟုတ် အနက်နဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက ၂၂ ဒေါ်လာဖြစ်ပါတယ်။
-နောင်နောင်
Ref: GSMArena