Mi Notebook Pro 2 ကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္လိုက္တဲ့ Xiaomi

[Zawgyi]

ရွန္ဟိုင္းမွာ က်င္းပျပဳလုပ္တဲ့ ChinaJoy 2018 မွာ Xiaomi က Mi Notebook Pro 2 လို႔ေခၚတဲ့ laptop သစ္ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ Mi Notebook Pro 2 ဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာက ေရာင္းခ်ခဲ့တဲ့ Mi Notebook Pro ကို အဆင့္ျမွင့္ထားတာ ျဖစ္ပါတယ္။

Display က အရင္ေမာ္ဒယ္အတိုင္း တူညီၿပီး ၁၅.၆ လက္မ Full HD ျဖစ္ပါတယ္။ Screen resolution က 1920 x 1080 pixels ပါ။ Screen-to-body ratio ကေတာ့ ၈၁ ရာခိုင္ႏႈန္းျဖစ္ပါတယ္။

Laptop ရဲ႕ ပ႐ိုဆက္ဆာကိုေတာ့ Intel Core i7-7700HQ ကေန Intel Core i7-8750H အေျခခံ Coffe Lake ပ႐ိုဆက္ဆာေတြအထိ အဆင့္ျမွင့္ထားပါတယ္။ ဒါဟာ laptop ရဲ႕ စြမ္းေဆာင္ရည္ကို ၃၁.၇ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္ေစမွာျဖစ္ပါတယ္။ ခ်စ္ပ္အသစ္မွာ core ၆ ခုပါဝင္လာပါတယ္။ အရင္ေမာ္ဒယ္မွာက core ေလးခုပဲ ပါဝင္ပါတယ္။

RAM က 16GB ျဖစ္ၿပီး 256GB PCIe SSD နဲ႔အတူ 1TB HDD ပါဝင္ပါတယ္။ ဂရပ္ဖစ္ပ႐ိုဆက္ဆာက 6GB NVIDIA GeForce GTX 1060 ျဖစ္ပါတယ္။ ေမာ္ဒယ္အေပၚမူတည္ၿပီး GTX 1050 TiMaxQ configuration နဲ႔လည္း ရႏိုင္ပါတယ္။

Xiaomi ဟာ built-in 3W စပီကာႏွစ္လံုးနဲ႔ အလုပ္လုပ္ႏိုင္တဲ့ Hi-Res Audio နဲ႔ Dolby Atmos တို႔ကို ေထာက္ပံ့ေပးထားပါတယ္။ ခ်ိတ္ဆက္မႈအပိုင္းအေနနဲ႔ USB 3.0 သံုးခုနဲ႔ USB Type-C port တစ္ခုအျပင္ 3.5mm နားၾကပ္ေပါက္၊ Gigabit Ethernet နဲ႔ HDMI 2.0 port တို႔ပါဝင္ပါတယ္။ Dual-band Wi-Fi 802.11ac, Bluetooth v4.1 တို႔နဲ႔လည္း သံုးႏိုင္ပါတယ္။

Mi Notebook Pro 2 မွာ backlit keyboard ပါဝင္ၿပီး ခလုတ္တစ္ခုခ်င္းစီရဲ႕ အထူက ၁.၈ မီလီမီတာ ျဖစ္ပါတယ္။ Programmable ခလုတ္ ငါးခုလည္း ပါဝင္ပါတယ္။

Laptop မွာ built-in cooling စနစ္ပါဝင္တဲ့အတြက္ အပူခ်ိန္ကို ထိန္းေပးႏိုင္ပါတယ္။

Software အေနနဲ႔ Microsoft ရဲ႕ Windows 10 Home operating system ကို အသံုးျပဳထားပါတယ္။ ဒါ့အျပင္ Office 2016 for Students ကိုလည္း ထည့္သြင္းထားပါတယ္။

Mi Notebook Pro 2 ကို ေအာက္ပါ ေမာ္ဒယ္ေတြနဲ႔ ရရိွႏိုင္ပါတယ္။

Intel Core i7-8750H, 16GB of DDR4 2666 MHz RAM, GTX 1060 6GB, 256GB SSD PCI-e, 1TB hard drive အတြက္က ၈,၉၉၉ ယြမ္ (ေဒၚလာ ၁၃၀၀ ဝန္းက်င္) ျဖစ္ပါတယ္။

Intel Core i7-8750H, 8GB DDR4 2666 MHz RAM, GTX 1050 Ti 4GB, 256GB SSD PCI-e, 1TB hard drive အတြက္က ၇,၉၉၉ ယြမ္ (ေဒၚလာ ၁,၁၆၀ ဝန္းက်င္) ျဖစ္ပါတယ္။

Intel Core i5-8300H, 8GB DDR4 2666 MHz RAM, GTX 1060 6GB, 256GB PCI-e SSD, 1TB hard drive အတြက္က ၇,၄၉၉ ယြမ္ (ေဒၚလာ ၁,၁၀၀ ဝန္းက်င္) ျဖစ္ပါတယ္။

Intel Core i5-8300H, 8GB of DDR4 2666 MHz RAM, GTX 1050 Ti 4GB, 256GB SSD PCI-e, 1TB hard drive အတြက္က ၆,၆၉၉ ယြမ္ (ေဒၚလာ ၉၇၅ ဝန္းက်င္) ျဖစ္ပါတယ္။

ဒီေမာ္ဒယ္အားလံုးကို တ႐ုတ္ႏိုင္ငံမွာ ၾသဂုတ္ ၁၆ ရက္ကစၿပီး ဝယ္ယူႏိုင္ပါတယ္။ Mi Notebook Pro 2 ကို အျခားေစ်းကြက္ေတြမွာ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

Ref: GizmoChina

[Unicode]

ရှန်ဟိုင်းမှာ ကျင်းပပြုလုပ်တဲ့ ChinaJoy 2018 မှာ Xiaomi က Mi Notebook Pro 2 လို့ခေါ်တဲ့ laptop သစ်ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ Mi Notebook Pro 2 ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာက ရောင်းချခဲ့တဲ့ Mi Notebook Pro ကို အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

Display က အရင်မော်ဒယ်အတိုင်း တူညီပြီး ၁၅.၆ လက်မ Full HD ဖြစ်ပါတယ်။ Screen resolution က 1920 x 1080 pixels ပါ။ Screen-to-body ratio ကတော့ ၈၁ ရာခိုင်နှုန်းဖြစ်ပါတယ်။

Laptop ရဲ့ ပရိုဆက်ဆာကိုတော့ Intel Core i7-7700HQ ကနေ Intel Core i7-8750H အခြေခံ Coffe Lake ပရိုဆက်ဆာတွေအထိ အဆင့်မြှင့်ထားပါတယ်။ ဒါဟာ laptop ရဲ့ စွမ်းဆောင်ရည်ကို ၃၁.၇ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ ချစ်ပ်အသစ်မှာ core ၆ ခုပါဝင်လာပါတယ်။ အရင်မော်ဒယ်မှာက core လေးခုပဲ ပါဝင်ပါတယ်။

RAM က 16GB ဖြစ်ပြီး 256GB PCIe SSD နဲ့အတူ 1TB HDD ပါဝင်ပါတယ်။ ဂရပ်ဖစ်ပရိုဆက်ဆာက 6GB NVIDIA GeForce GTX 1060 ဖြစ်ပါတယ်။ မော်ဒယ်အပေါ်မူတည်ပြီး GTX 1050 TiMaxQ configuration နဲ့လည်း ရနိုင်ပါတယ်။

Xiaomi ဟာ built-in 3W စပီကာနှစ်လုံးနဲ့ အလုပ်လုပ်နိုင်တဲ့ Hi-Res Audio နဲ့ Dolby Atmos တို့ကို ထောက်ပံ့ပေးထားပါတယ်။ ချိတ်ဆက်မှုအပိုင်းအနေနဲ့ USB 3.0 သုံးခုနဲ့ USB Type-C port တစ်ခုအပြင် 3.5mm နားကြပ်ပေါက်၊ Gigabit Ethernet နဲ့ HDMI 2.0 port တို့ပါဝင်ပါတယ်။ Dual-band Wi-Fi 802.11ac, Bluetooth v4.1 တို့နဲ့လည်း သုံးနိုင်ပါတယ်။

Mi Notebook Pro 2 မှာ backlit keyboard ပါဝင်ပြီး ခလုတ်တစ်ခုချင်းစီရဲ့ အထူက ၁.၈ မီလီမီတာ ဖြစ်ပါတယ်။ Programmable ခလုတ် ငါးခုလည်း ပါဝင်ပါတယ်။

Laptop မှာ built-in cooling စနစ်ပါဝင်တဲ့အတွက် အပူချိန်ကို ထိန်းပေးနိုင်ပါတယ်။

Software အနေနဲ့ Microsoft ရဲ့ Windows 10 Home operating system ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် Office 2016 for Students ကိုလည်း ထည့်သွင်းထားပါတယ်။

Mi Notebook Pro 2 ကို အောက်ပါ မော်ဒယ်တွေနဲ့ ရရှိနိုင်ပါတယ်။

Intel Core i7-8750H, 16GB of DDR4 2666 MHz RAM, GTX 1060 6GB, 256GB SSD PCI-e, 1TB hard drive အတွက်က ၈,၉၉၉ ယွမ် (ဒေါ်လာ ၁၃၀၀ ဝန်းကျင်) ဖြစ်ပါတယ်။

Intel Core i7-8750H, 8GB DDR4 2666 MHz RAM, GTX 1050 Ti 4GB, 256GB SSD PCI-e, 1TB hard drive အတွက်က ရ,၉၉၉ ယွမ် (ဒေါ်လာ ၁,၁၆၀ ဝန်းကျင်) ဖြစ်ပါတယ်။

Intel Core i5-8300H, 8GB DDR4 2666 MHz RAM, GTX 1060 6GB, 256GB PCI-e SSD, 1TB hard drive အတွက်က ရ,၄၉၉ ယွမ် (ဒေါ်လာ ၁,၁၀၀ ဝန်းကျင်) ဖြစ်ပါတယ်။

Intel Core i5-8300H, 8GB of DDR4 2666 MHz RAM, GTX 1050 Ti 4GB, 256GB SSD PCI-e, 1TB hard drive အတွက်က ၆,၆၉၉ ယွမ် (ဒေါ်လာ ၉၇၅ ဝန်းကျင်) ဖြစ်ပါတယ်။

ဒီမော်ဒယ်အားလုံးကို တရုတ်နိုင်ငံမှာ သြဂုတ် ၁၆ ရက်ကစပြီး ဝယ်ယူနိုင်ပါတယ်။ Mi Notebook Pro 2 ကို အခြားစျေးကွက်တွေမှာ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

Ref: GizmoChina