Mi Notebook သစ္နဲ႔ customized Mi Band 3 ကို ၾသဂုတ္ ၃ ရက္မွာ မိတ္ဆက္မယ့္ Xiaomi

[Zawgyi]

ChinaJoy ေခၚ China Digital Entertainment Expo & Conference ဆိုတာဟာ ႏွစ္စဥ္က်င္းပတဲ့ ဂိမ္းနဲ႔ ဒီဂ်စ္တယ္ေဖ်ာ္ေျဖေရးျပပြဲတစ္ခုျဖစ္သလို တ႐ုတ္ႏိုင္ငံရဲ႕ အႀကီးဆံုးပြဲလည္း ျဖစ္ပါတယ္။
ဒီႏွစ္မွာက်င္းပမယ့္ အဆိုပါျပပြဲကို ၾသဂုတ္လ ၃ ရက္ကေန ၆ ရက္အထိ က်င္းပျပဳလုပ္မွာျဖစ္ပါတယ္။ အဲ့ဒီပြဲမွာ Xiaomi က ထုတ္ကုန္အခ်ိဳ႕ကို မိတ္ဆက္ေၾကညာသြားမယ္လို႔ သိရပါတယ္။

လက္ရိွမွာ ျပပြဲအတြက္ ထုတ္ကုန္သစ္ႏွစ္မ်ိဳးကို Xiaomi က အတည္ျပဳထားပါတယ္။ ပထမထုတ္ကုန္က Mi Notebook သစ္တစ္မ်ိဳးျဖစ္ပါတယ္။ Weibo ကေန ထြက္ေပၚလာတဲ့ ေၾကာ္ျငာပိုစတာအရ ဒီထုတ္ကုန္ဟာ gaming laptop တစ္ခုျဖစ္ႏိုင္တယ္လို႔ ယူဆရပါတယ္။

ဒုတိယထုတ္ကုန္ကေတာ့ customized Mi Band 3 ျဖစ္ၿပီး လက္ပတ္ႀကိဳးမွာ “Are You Ok?” ဆိုတဲ့ စာသားပါဝင္ပါတယ္။ အဲ့ဒီ စာသားကို ဘာေၾကာင့္ ထည့္သြင္းထားသလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။
Mi Band 3 မွာ OLED panel တစ္ခုပါဝင္ၿပီး ႏွလံုးခုန္ႏႈန္း၊ ကယ္လိုရီေလာင္ကၽြမ္းမႈ၊ ေျခလွမ္းနဲ႔ ခရီးအကြာအေဝးတို႔ကို တိုင္းတာႏိုင္ပါတယ္။ ဒါ့အျပင္ အိပ္စက္မႈအေျခအေနကိုလည္း တိုင္းတာေပးႏိုင္ပါတယ္။ တစ္ႀကိမ္အားသြင္းရံုနဲ႔ ရက္ ၂၀ အထိ သံုးႏိုင္မယ့္ 110mAh ဘက္ထရီပါဝင္ပါတယ္။ ေရစိုဒဏ္လည္း ခံႏိုင္ပါတယ္။

Ref: GizmoChina

[Unicode]

ChinaJoy ခေါ် China Digital Entertainment Expo & Conference ဆိုတာဟာ နှစ်စဉ်ကျင်းပတဲ့ ဂိမ်းနဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေးပြပွဲတစ်ခုဖြစ်သလို တရုတ်နိုင်ငံရဲ့ အကြီးဆုံးပွဲလည်း ဖြစ်ပါတယ်။
ဒီနှစ်မှာကျင်းပမယ့် အဆိုပါပြပွဲကို သြဂုတ်လ ၃ ရက်ကနေ ၆ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီပွဲမှာ Xiaomi က ထုတ်ကုန်အချို့ကို မိတ်ဆက်ကြေညာသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြပွဲအတွက် ထုတ်ကုန်သစ်နှစ်မျိုးကို Xiaomi က အတည်ပြုထားပါတယ်။ ပထမထုတ်ကုန်က Mi Notebook သစ်တစ်မျိုးဖြစ်ပါတယ်။ Weibo ကနေ ထွက်ပေါ်လာတဲ့ ကြော်ငြာပိုစတာအရ ဒီထုတ်ကုန်ဟာ gaming laptop တစ်ခုဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ဒုတိယထုတ်ကုန်ကတော့ customized Mi Band 3 ဖြစ်ပြီး လက်ပတ်ကြိုးမှာ “Are You Ok?” ဆိုတဲ့ စာသားပါဝင်ပါတယ်။ အဲ့ဒီ စာသားကို ဘာကြောင့် ထည့်သွင်းထားသလဲဆိုတာကိုတော့ မသိရသေးပါဘူး။
Mi Band 3 မှာ OLED panel တစ်ခုပါဝင်ပြီး နှလုံးခုန်နှုန်း၊ ကယ်လိုရီလောင်ကျွမ်းမှု၊ ခြေလှမ်းနဲ့ ခရီးအကွာအဝေးတို့ကို တိုင်းတာနိုင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှုအခြေအနေကိုလည်း တိုင်းတာပေးနိုင်ပါတယ်။ တစ်ကြိမ်အားသွင်းရုံနဲ့ ရက် ၂၀ အထိ သုံးနိုင်မယ့် 110mAh ဘက်ထရီပါဝင်ပါတယ်။ ရေစိုဒဏ်လည်း ခံနိုင်ပါတယ်။

Ref: GizmoChina