Mi Max 3 ကို ဇူလိုင္လတြင္ ေတြ႕ျမင္ရမည္

[ Zawgyi ]

Mi Max 2 ကို ျဖန္႔ခ်ိၿပီး တစ္ႏွစ္အၾကာမွာ ပရိသတ္ေတြက Mi Max 3 ကို ေမွ်ာ္လင့္ေတာင့္တေနၾကပါတယ္။ ဒါေပမဲ့ အဆိုပါထုတ္ကုန္က အသင့္မျဖစ္ေသးေၾကာင္းနဲ႔ ဇူလိုင္လမွသာ ျမင္ေတြ႕ရမွာျဖစ္ေၾကာင္း Xiaomi အမႈေဆာင္အရာရိွခ်ဳပ္ Lei Jun က Weibo post တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ဒါေၾကာင့္ Mi Max 3 ကို ဒီလကုန္မွာက်င္းပမယ့္ Xiaomi ရဲ႕အခမ္းအနားတစ္ခုမွာ Mi 8th Anniversary Edition flagship, Mi Band 3 တို႔နဲ႔အတူ ေတြ႕ျမင္ရမွာ မဟုတ္ပါဘူး။

ေကာလာဟလသတင္းေတြကေတာ့ Mi Max 3 မွာ ႀကိဳးမဲ့အားသြင္းစနစ္နဲ႔ iris scanner တို႔လို စိတ္ဝင္စားဖြယ္ရာ feature အခ်ိဳ႕ပါဝင္လာသလို ၆.၉၉ လက္ screen နဲ႔ 5,500mAh ဘက္ထရီတို႔ ပါဝင္လာမယ္လုိ႔ ေဖာ္ျပထားပါတယ္။ အခ်ိဳ႕သတင္းေတြကလည္း ဒီစမတ္ဖုန္းမွာ Snapdragon 635 SoC နဲ႔ ေက်ာဘက္ကင္မရာႏွစ္ခု ပါဝင္မယ္လို႔ ေဖာ္ျပထားပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

=======

[ Unicode ]

Mi Max 3 ကို ဇူလိုင်လတွင် တွေ့မြင်ရမည်

=======

Mi Max 2 ကို ဖြန့်ချိပြီး တစ်နှစ်အကြာမှာ ပရိသတ်တွေက Mi Max 3 ကို မျှော်လင့်တောင့်တနေကြပါတယ်။ ဒါပေမဲ့ အဆိုပါထုတ်ကုန်က အသင့်မဖြစ်သေးကြောင်းနဲ့ ဇူလိုင်လမှသာ မြင်တွေ့ရမှာဖြစ်ကြောင်း Xiaomi အမှုဆောင်အရာရှိချုပ် Lei Jun က Weibo post တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဒါကြောင့် Mi Max 3 ကို ဒီလကုန်မှာကျင်းပမယ့် Xiaomi ရဲ့အခမ်းအနားတစ်ခုမှာ Mi 8th Anniversary Edition flagship, Mi Band 3 တို့နဲ့အတူ တွေ့မြင်ရမှာ မဟုတ်ပါဘူး။

ကောလာဟလသတင်းတွေကတော့ Mi Max 3 မှာ ကြိုးမဲ့အားသွင်းစနစ်နဲ့ iris scanner တို့လို စိတ်ဝင်စားဖွယ်ရာ feature အချို့ပါဝင်လာသလို ၆.၉၉ လက် screen နဲ့ 5,500mAh ဘက်ထရီတို့ ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ အချို့သတင်းတွေကလည်း ဒီစမတ်ဖုန်းမှာ Snapdragon 635 SoC နဲ့ ကျောဘက်ကင်မရာနှစ်ခု ပါဝင်မယ်လို့ ဖော်ပြထားပါတယ်။

-နောင်နောင်
Ref: GSMArena