Mi Home Myanmar ရဲ့ ၂၉ ဆိုင်မြောက် သာကေတဆိုင်ခွဲဖွင့်လှစ်

Mi Home Myanmar ရဲ့ ၂၉ ဆိုင်မြောက် သာကေတဆိုင်ခွဲကို အမှတ်(၂၆) ဇင်္ဂမလမ်းနဲ့ ထူပါရုံလမ်းထောင့်၊ သာကေတမြို့နယ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဆိုင်သစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ Xiaomi ဖုန်းဝယ်ယူတဲ့သူတွေကို Mi TV, Mi 4i, Mi 4 အစရှိတဲ့ဗလာမပါ ဆုမဲပေါင်းများစွာကို မဲဖောက်ပေးမယ့်အပြင် ဖုန်းဝယ်တဲ့ သူတိုင်းကိုလည်း Xiaomi T-Shirt တစ်ထည်ကို မေတ္တာလက်ဆောင်အနေနဲ့ ပြန်လည်ပေးအပ်သွားမယ်လို့ သိရပါတယ်။

Mi Myanmar မှ စမတ်ဖုန်းတွေအပြင် အခြားသော Product တွေဖြစ်တဲ့ Mi TV , Air Purifier , Mi Drone နဲ့ အခြားသော Mi Electronic ပစ္စည်းပေါင်းများစွာကို ပစ္စည်းဈေးနှုန်း မှန်ကန်စွာနဲ့ တင်သွင်းရောင်းချ ဝန်ဆောင်မှုပေးလျက် ရှိတယ်လို့ သိရပါတယ်။

-အောင်သူ