Mi CC9 နမူနာဓာတ်ပုံတွေကို Xiaomi ပြသခဲ့

Xiaomi ဟာ Mi CC9 Pro ရဲ့ကင်မရာပိုင်း အလွန်ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ Mi CC9 မှာ 108MP အဓိက sensor နဲ့ 5x optical zoom နဲ့ tele cam အပါအဝင် ကင်မရာ ၅ လုံး ပါဝင်လာပါတယ်။ ဖုန်းကို နိုဝင်ဘာ ၅ ရက်မှာ မိတ်ဆက်မှာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Xiaomi က Mi CC9 နဲ့ရိုက်ကူးထားတဲ့ နမူနာဓာတ်ပုံတွေကို ဖြန့်ချိလိုက်ပါတယ်။

Mi CC9 ဟာ ကင်မရာ zoom အပိုင်းကို အာရုံစိုက်လုပ်ကိုင်ထားပြီး 10x hybrid zoom ကတစ်ဆင့် စပါးခင်းထဲက ရှုမျှော်ခင်းပုံကို မြင်တွေ့နိုင်ပါတယ်။ နောက်တစ်ပုံကတော့ Xiaomi ရဲ့အမှတ်တံဆိပ် သံတမန်တစ်ဦးကိုတော့ 108MP ကင်မရာနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ နောက်ပုံတွေကတော့ မူလပုံကို ၀.၈ ရာခိုင်နှုန်း အထိ ချဲ့ထားတာ ဖြစ်ပါတယ်။


Xiaomi ရဲ့ Mi CC9 Pro စမတ်ဖုန်းပုံလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ Xiaomi ကလည်း Mi CC9 Pro ရဲ့ကျောဘက်ပုံကို တရားဝင် အမြည်းမိတ်ဆက်ခဲ့ပါသေးတယ်။

Xiaomi အနေနဲ့ နိုဝင်ဘာ ၅ ရက်ပြုလုပ်မယ့်ပွဲမှာ စမတ်နာရီကို ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ မိတ်ဆက်မယ့် စမတ်နာရီသစ်က Mi Band 4 ထက် လုပ်ဆောင်ချက်တွေက ပိုမို အဆင့်မြင့်မယ်လို့ သိရပါတယ်။

 

Xiaomi ဟာ ပွဲမှာ Mi CC9 Pro နဲ့ Mi စမတ်နာရီနဲ့အတူ Mi TV 5 ကိုလည်း ထုတ်ဖော်ပြသမယ်လို့ သတင်းအချက်အလက်တွေ မှန်ကန်အောင်ခန့်မှန်းတတ်သူ Ice Universe ကပြောခဲ့ပါတယ်။

စိုးထက်
Ref: GSMArena