Mi 8 flagship စမတ္ဖုန္းကို တရားဝင္မိတ္ဆက္လိုက္တဲ့ Xiaomi

[ Zawgyi ]

Xiaomi ဟာ ကုမၸဏီရဲ႕ flagship ဖုန္းသစ္ျဖစ္တဲ့ Mi 8 ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။

Mi 8 ဟာ notch ပါဝင္တဲ့ ပထမဆံုး Xiaomi ဖုန္း ျဖစ္ပါတယ္။ ၆.၂၁ လက္မအရြယ္ OLED screen ပါဝင္ၿပီး screen ထိပ္ဘက္က notch မွာ 20-megapixel selfie ကင္မရာကို ထည့္သြင္းထားပါတယ္။

ဖုန္းမွာ curved ေက်ာဘက္မွန္နဲ႔ အလူမီနီယံ ေဘာင္တစ္ခု ပါဝင္ပါတယ္။ Qualcomm ရဲ႕ စြမ္းေဆာင္ရည္ျမင့္ Snapdragon 845 processor ကိုအသံုးျပဳထားၿပီး DxOMark ၁၀၅ မွတ္ရထားတဲ့ 12-megapixel dual camera setup ပါဝင္လာပါတယ္။ ဒါ့အျပင္ Mi 8 ဟာ ပိုမိုတိက်တဲ့ တည္ေနရာအခ်က္အလက္ေတြကို ေထာက္ပံ့ေပးႏိုင္တဲ့ dual-frequency GPS သံုးထားတဲ့ ပထမဆံုးဖုန္း ျဖစ္တယ္လို႔လည္း Xiaomi က ေျပာၾကားခဲ့ပါတယ္။

Xiaomi ဟာ Mi 8 Explorer Edition ကိုလည္း မိတ္ဆက္ေပးခဲ့ပါတယ္။ Explorer Edition မွာ in-display fingerprint sensor ပါဝင္ပါတယ္။ ဒါ့အျပင္ Explorer Edition ဟာ iPhone X ရဲ႕ Face ID လို 3D face recognition နည္းပညာသံုးထားတဲ့ ကမၻာ့ပထမဆံုး Android ဖုန္းျဖစ္တယ္လို႔လည္း Xiaomi က ေျပာၾကားခဲ့ပါတယ္။

Explorer Edition မွာ အတြင္းအစိတ္အပိုင္းကို ေဖာက္ထြင္းျမင္ရတဲ့ ေက်ာဘက္ panel တစ္ခု ပါဝင္ပါတယ္။

ဒါ့အျပင္ Xiaomi ဟာ ေစ်းအသက္သာဆံုး Mi 8 ဗားရွင္းျဖစ္တဲ့ Mi 8 SE ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ Mi 8 SE ဟာ Xiaomi ရဲ႕ midrange processor သစ္ Snapdragon 710 သံုးထားတဲ့ ပထမဆံုးဖုန္းျဖစ္ၿပီး ၅.၈၈ လက္မ OLED screen ပါဝင္ပါတယ္။

710 ဟာ အရင္မ်ိဳးဆက္ 660 ထက္ စြမ္းအင္သံုးစြဲမႈ ၃၀ ရာခိုင္ႏႈန္း သက္သာၿပီး စြမ္းေဆာင္ရည္ ၂၀ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္တယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ Mi 8 SE ကို တ႐ုတ္ေစ်းကြက္မွာ 660 ကိုအေျခခံထားတဲ့ Oppo R15 Pro နဲ႔ Vivo X21 တို႔လို ေစ်းပိုႀကီးတဲ့ ၂၀၁၈ ဖုန္းအခ်ို႕ထက္ ခိုင္မာတဲ့ေနရာတစ္ခုမွာ ေတြ႕ျမင္ရႏိုင္ပါတယ္။

Mi 8 ရဲ႕ ေစ်းႏႈန္းကေတာ့ 6GB/64GB ဗားရွင္းအတြက္ ၄၂၁ ေဒၚလာျဖစ္ပါတယ္။ 6GB/128GB အတြက္က ၄၆၈ ေဒၚလာျဖစ္ပါတယ္။ 6GB/256GB အတြက္ကေတာ့ ၅၁၅ ေဒၚလာ ျဖစ္ပါတယ္။

Mi 8 Explorer Edition အတြက္က ၆၂၅ ေဒၚလာနဲ႔ စတင္မွာျဖစ္ၿပီး Mi 8 SE ကိုေတာ့ ၃၁၂ ေဒၚလာနဲ႔ ရရိွႏိုင္မွာ ျဖစ္ပါတယ္။

Mi 8 ကို တ႐ုတ္ႏိုင္ငံမွာ ဇြန္လ ၅ ရက္ကစတင္ၿပီး ေရာင္းခ်သြားမွာျဖစ္ပါတယ္။ SE ကိုေတာ့ ဇြန္လ ၈ ရက္မွာ ေရာင္းခ်သြားမွာျဖစ္ၿပီး Explorer Edition ကိုေတာ့ ၈ ရက္ေနာက္ပိုင္းမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။ အိႏၵိယနဲ႔ အျခားေစ်းကြက္ေတြမွာ ေရာင္းခ်မယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

-ေနာင္ေနာင္
Ref: TheVerge

[ Unicode ]

Xiaomi ဟာ ကုမ္ပဏီရဲ့ flagship ဖုန်းသစ်ဖြစ်တဲ့ Mi 8 ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။

Mi 8 ဟာ notch ပါဝင်တဲ့ ပထမဆုံး Xiaomi ဖုန်း ဖြစ်ပါတယ်။ ၆.၂၁ လက်မအရွယ် OLED screen ပါဝင်ပြီး screen ထိပ်ဘက်က notch မှာ 20-megapixel selfie ကင်မရာကို ထည့်သွင်းထားပါတယ်။

ဖုန်းမှာ curved ကျောဘက်မှန်နဲ့ အလူမီနီယံ ဘောင်တစ်ခု ပါဝင်ပါတယ်။ Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် Snapdragon 845 processor ကိုအသုံးပြုထားပြီး DxOMark ၁၀၅ မှတ်ရထားတဲ့ 12-megapixel dual camera setup ပါဝင်လာပါတယ်။ ဒါ့အပြင် Mi 8 ဟာ ပိုမိုတိကျတဲ့ တည်နေရာအချက်အလက်တွေကို ထောက်ပံ့ပေးနိုင်တဲ့ dual-frequency GPS သုံးထားတဲ့ ပထမဆုံးဖုန်း ဖြစ်တယ်လို့လည်း Xiaomi က ပြောကြားခဲ့ပါတယ်။

Xiaomi ဟာ Mi 8 Explorer Edition ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Explorer Edition မှာ in-display fingerprint sensor ပါဝင်ပါတယ်။ ဒါ့အပြင် Explorer Edition ဟာ iPhone X ရဲ့ Face ID လို 3D face recognition နည်းပညာသုံးထားတဲ့ ကမ္ဘာ့ပထမဆုံး Android ဖုန်းဖြစ်တယ်လို့လည်း Xiaomi က ပြောကြားခဲ့ပါတယ်။

Explorer Edition မှာ အတွင်းအစိတ်အပိုင်းကို ဖောက်ထွင်းမြင်ရတဲ့ ကျောဘက် panel တစ်ခု ပါဝင်ပါတယ်။

ဒါ့အပြင် Xiaomi ဟာ စျေးအသက်သာဆုံး Mi 8 ဗားရှင်းဖြစ်တဲ့ Mi 8 SE ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Mi 8 SE ဟာ Xiaomi ရဲ့ midrange processor သစ် Snapdragon 710 သုံးထားတဲ့ ပထမဆုံးဖုန်းဖြစ်ပြီး ၅.၈၈ လက်မ OLED screen ပါဝင်ပါတယ်။

710 ဟာ အရင်မျိုးဆက် 660 ထက် စွမ်းအင်သုံးစွဲမှု ၃၀ ရာခိုင်နှုန်း သက်သာပြီး စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် Mi 8 SE ကို တရုတ်စျေးကွက်မှာ 660 ကိုအခြေခံထားတဲ့ Oppo R15 Pro နဲ့ Vivo X21 တို့လို စျေးပိုကြီးတဲ့ ၂၀၁၈ ဖုန်းအချို့ထက် ခိုင်မာတဲ့နေရာတစ်ခုမှာ တွေ့မြင်ရနိုင်ပါတယ်။

Mi 8 ရဲ့ စျေးနှုန်းကတော့ 6GB/64GB ဗားရှင်းအတွက် ၄၂၁ ဒေါ်လာဖြစ်ပါတယ်။ 6GB/128GB အတွက်က ၄၆၈ ဒေါ်လာဖြစ်ပါတယ်။ 6GB/256GB အတွက်ကတော့ ၅၁၅ ဒေါ်လာ ဖြစ်ပါတယ်။

Mi 8 Explorer Edition အတွက်က ၆၂၅ ဒေါ်လာနဲ့ စတင်မှာဖြစ်ပြီး Mi 8 SE ကိုတော့ ၃၁၂ ဒေါ်လာနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Mi 8 ကို တရုတ်နိုင်ငံမှာ ဇွန်လ ၅ ရက်ကစတင်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ SE ကိုတော့ ဇွန်လ ၈ ရက်မှာ ရောင်းချသွားမှာဖြစ်ပြီး Explorer Edition ကိုတော့ ၈ ရက်နောက်ပိုင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။ အိန္ဒိယနဲ့ အခြားစျေးကွက်တွေမှာ ရောင်းချမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

-နောင်နောင်
Ref: TheVerge