Mi 7 အတြက္ ကိုယ္ပိုင္ Face ID ဖန္တီးေနတဲ့ Xiaomi

[Zawgyi]

Notch အတြင္းမွာ Apple ရဲ႕ Face ID နဲ႔အလြန္ဆင္တူတဲ့ facial recognition setup တစ္ခုကို ေဖာ္ျပထားတဲ့ ဓာတ္ပံုတစ္ပံု ေပါက္ၾကားထြက္ေပၚလာပါတယ္။

Apple ရဲ႕ Face ID မွာ ဖုန္းကို သံုးစြဲသူရဲ႕မ်က္ႏွာနဲ႔ unlock လုပ္ဖို႔အတြက္ dot projector တစ္ခုနဲ႔ infrared ကင္မရာတစ္ခုကို အသံုးျပဳပါတယ္။ အခုထြက္ေပၚလာတဲ့ Xiaomi ရဲ႕ 3D facial recognition စနစ္မွာ အလားတူ လံုၿခံဳေရးစနစ္အတိုင္း လုပ္ေဆာင္ႏိုင္မယ့္ hardware ကို အသံုးျပဳထားပါတယ္။

အရြယ္ႀကီးမားတဲ့ notch တစ္ခု ပါဝင္တဲ့ Xiaomi Mi 7 ဓာတ္ပံုေတြဟာ မၾကာေသးခင္က ထြက္ေပၚလာခဲ့ပါတယ္။ အဲ့ဒီ ဓာတ္ပံုေတြအရ Mi 7 ရဲ႕ notch ဟာ iPhone X ေပၚက notch နဲ႔ ဆင္တူတာကိုေတြ႕ရပါတယ္။

Xiaomi ဟာ Mi 7 အတြက္ ကိုယ္ပိုင္ Face ID ကို အေကာင္အထည္ေဖာ္ရာမွာ အခက္အခဲေတြနဲ႔ ႀကံဳေတြ႕ခဲ့ရတာေၾကာင့္ ဖုန္းျဖန္႔ခ်ိမယ့္အခ်ိန္ ေႏွာင့္ေႏွးခဲ့ရတယ္လို႔ ဆိုပါတယ္။

Xiaomi ဟာ Mi 6 ကို ၿပီးခဲ့တဲ့ႏွစ္ ဧၿပီလက မိတ္ဆက္ခဲ့ေပမယ့္လည္း Mi 7 ကိုေတာ့ ေမလ ၂၃ ရက္မွာ ပြဲထုတ္မိတ္ဆက္မယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

=============

[Unicode]

Notch အတွင်းမှာ Apple ရဲ့ Face ID နဲ့အလွန်ဆင်တူတဲ့ facial recognition setup တစ်ခုကို ဖော်ပြထားတဲ့ ဓာတ်ပုံတစ်ပုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Apple ရဲ့ Face ID မှာ ဖုန်းကို သုံးစွဲသူရဲ့မျက်နှာနဲ့ unlock လုပ်ဖို့အတွက် dot projector တစ်ခုနဲ့ infrared ကင်မရာတစ်ခုကို အသုံးပြုပါတယ်။ အခုထွက်ပေါ်လာတဲ့ Xiaomi ရဲ့ 3D facial recognition စနစ်မှာ အလားတူ လုံခြုံရေးစနစ်အတိုင်း လုပ်ဆောင်နိုင်မယ့် hardware ကို အသုံးပြုထားပါတယ်။

အရွယ်ကြီးမားတဲ့ notch တစ်ခု ပါဝင်တဲ့ Xiaomi Mi 7 ဓာတ်ပုံတွေဟာ မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံတွေအရ Mi 7 ရဲ့ notch ဟာ iPhone X ပေါ်က notch နဲ့ ဆင်တူတာကိုတွေ့ရပါတယ်။

Xiaomi ဟာ Mi 7 အတွက် ကိုယ်ပိုင် Face ID ကို အကောင်အထည်ဖော်ရာမှာ အခက်အခဲတွေနဲ့ ကြံုတွေ့ခဲ့ရတာကြောင့် ဖုန်းဖြန့်ချိမယ့်အချိန် နှောင့်နှေးခဲ့ရတယ်လို့ ဆိုပါတယ်။

Xiaomi ဟာ Mi 6 ကို ပြီးခဲ့တဲ့နှစ် ဧပြီလက မိတ်ဆက်ခဲ့ပေမယ့်လည်း Mi 7 ကိုတော့ မေလ ၂၃ ရက်မှာ ပွဲထုတ်မိတ်ဆက်မယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

-နောင်နောင်
Ref: GSMArena