Mi 7 တွင် Snapdragon 845 ပါဝင်မည်ဟု Xiaomi စီအီးအို ပြောကြား

ဟာဝိုင်အီမှာ ပြုလုပ်တဲ့ Snapdragon Tech Summit မှာ Xiaomi အမှုဆောင်အရာရှိချုပ် Lei Jun က Mi 7 ဟာ Snapdragon 845 ပါဝင်မယ့် ကုမ္ပဏီရဲ့ပထမဆုံးဖုန်းဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

Jun က Qualcomm ဟာ Xiaomi ရဲ့ အရေးအပါဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်တယ်လို့ ပြောကြားခဲ့သလိုQualcomm အမှုဆောင်ဒုဥက္ကဋ္ဌ Cristiano Amon နဲ့လည်း ကုမ္ပဏီနှစ်ခုအကြားက ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်း ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

ဒီနှစ်အစောပိုင်းကထွက်ရှိခဲ့တဲ့ ကောလာဟလ သတင်းတွေမှာလည်း Mi 7 က Snapdragon 845 သုံးထားတဲ့ ပထမဆုံး ဖုန်းတွေထဲကတစ်ခု ဖြစ်လာမယ်လို့ ခန့်မှန်းဖော်ပြခဲ့ပါတယ်။

အသစ်ထွက်မယ့် Xiaomi flagship အကြောင်း အသေးစိတ်မသိရသေးပေမယ့် Samsung ကထုတ်လုပ်ထားတဲ့ ၆ လက်မ display ပါဝင်ပြီး 6GB နဲ့ 8GB RAM တို့နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒီ device ကို Xiaomi က Mobile World Congress မှာ ပွဲထုတ် မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

-နောင်နောင်
Ref: AndroidCentral