Mi 11 မိတ်ဆက်မယ့်ရက် Xiaomi ကြေညာ

Xiaomi ဟာ Mi 11 စီးရီးအတွက် မိတ်ဆက်မယ်လို့ ကြေညာခဲ့ပါတယ်။ Mi 11 စီးရီးမှာတော့ Snapdragon 888 ပရိုဆက်ဆာပါဝင်ပြီး ဒီဇင်ဘာ ၂၈ ရက်မှာ ရောင်းချမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Xiaomi က တရုတ်လူမှုကွန်ရက် Weibo ကနေ Mi 11 မိတ်ဆက်မယ့်ရက် ထုတ်ပြန်သွားပါတယ်။ ဖုန်းသစ် မိတ်ဆက်ပွဲကိုတော့ တရုတ်ပြည်မှာ ပြုလုပ်ပြီး ဒေသတွင်း စံတော်ချိန် ညနေ ၇:၃၀ (မနက် ၆:၃၀ အရှေ့ပိုင်းအချိန်) မှာပြုလုပ်သွားပါမယ်။

Xiaomi ဟာ Mi 11 ကိုတော့ တစ်ကမ္ဘာလုံးအတွက် ဘယ်အချိန်မိတ်ဆက်မလဲဆိုတာ မထုတ်ပြန်ထားပါဘူး။

ဒါပေမဲ့ ၂၀၂၁ ဇန်နဝါရီမတိုင်မီ တရုတ်ပြည်ပြင်ပမှာ မိတ်ဆက်နိုင်သလို Mi 11 နဲ့ Mi 11 Pro မော်ဒယ်တွေကို မိတ်ဆက်နိုင်ပါတယ်။

-စိုးထက်
Ref: AndriodAuthority

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««