Mi 11 ဖုန်းမှာ အားသွင်းတုံးမပါဝင်ဟု Xiaomi စီအီးအို အတည်ပြု

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က Apple ဟာ 3.5mm နားကြပ်ပေါက်ကို ဖယ်ရှားခဲ့တယ်။ ဒါ့အပြင် Apple ဟာ အောက်တိုဘာလမှာ မိတ်ဆက်ခဲ့တဲ့ iPhone 12 မှာလည်း သဘာဝပတ်ဝန်းကျင် အကြောင်းပြချက်နဲ့ အားသွင်းတုံးနဲ့ နားကြပ်ကို ဖယ်ရှားခဲ့ပါတယ်။

အခုဆိုရင်လည်း Xiaomi ဟာ Apple ခြေရာနင်းပြီး ဖုန်းဘူးထဲမှာ အားသွင်းတုံး ထည့်မှာ မဟုတ်ပါဘူး။ စီအီးအို လေဂျွန်က Xiaomi ဟာ ဒီဇင်ဘာ ၂၈ ရက်မှာ Mi 11 ကို တရားဝင်မိတ်ဆက်ပြီး ပတ်ကေ့ချ်ထဲမှာ အားသွင်းတုံး မပါဘူးလို့ အတည်ပြုသွားပါတယ်။ Mi 11 မှာ အားသွင်းတုံး မပါတဲ့ အကြောင်းရင်းကတော့ ပတ်ဝန်းကျင်ကာကွယ်မှု ဖြစ်ပြီး အခု ဆုံးဖြတ်ချက်က ဝယ်ယူသူများစွာ ဘဝင်ကျမှာ မဟုတ်ဘူးဆိုတာလည်း သိတယ်လို့ လေဂျွန်က ပြောခဲ့ပါတယ်။

Mi 11 ဖုန်းဘူးကတာ့ အားသွင်းတုံး မပါတဲ့အတွက် အခြားဖုန်းဘူးတွေထက် ပါးသွားပါမယ်။ Mi 11 မှာ feature အသစ်တွေဖြစ်တဲ့ 108MP ကင်မရာ၊ Super AMOLED screen အပြင် HDR10+ ထောက်ခံချက်နဲ့ Harman Kardon အသံချိန်ညှိမှုတို့ ပါဝင်လာပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««