MHR Management Institute မှ Free Online Career Camp ကို တက်ရောက်နိုင်

တက္ကသိုလ်ဝင်တန်း ဖြေဆိုထားတဲ့ ကျောင်းသား/သူတွေနဲ့ ဘွဲ့ကြို ကျောင်းသား/သူတွေ အတွက် Free Online Career Camp ကို MHR Management Institute မှ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

Free Online Career Camp မှာသင်ကြားမယ့် ဘာသာရပ်တွေ ကတော့ Effective Business Communication် Fun with Mathematics, Basic Management, Basic Accounting, Basic Marketing, Basic HR, Basic IT စတာတွေပဲဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဆရာ/ဆရာမ တွေကတော့ ဒေါက်တာဒေါ်ချိုချိုဝေ (Principle of MHR)၊ ဒေါ်ဆွေဇင်အေး (Founder & MD of MHR) နဲ့ ဦးစိုးထိုက်အောင် (CEO of M-Vestment Co, Ltd.) တို့ဖြစ်ပါတယ်။

သင်တန်းကို မေလ ၁၈ ရက်မှ စတင်မှာ ဖြစ်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ တက်ရောက်ရမှာပါ။ သင်တန်းကာလ ၁ လခွဲ ကြာမြင့်မှာ ဖြစ်ပြီး Zoom Cloud Meeting နဲ့ တက်ရောက်ရမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ https://www.facebook.com/groups/652783511944730/ သို့ ချိတ်ဆက် တက်ရောက်ရမှာ ဖြစ်ပြီး အသေးစိတ်ကို ဖုန်း-၀၉၄၂၀၇၃၂၇၈၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

Viber မှာလည်း အင်တာနက်ဂျာနယ်က သတင်းတွေကို ဖတ်ရှုနိုင်တယ်နော် . . . ဒီ https://vb.me/internetjournalcommunity လင့်ခ်ကနေ ဝင်လိုက်ရုံပဲ. . .