METRO Wholesale Myanmar ၏ CEO ဖြစ်သူ Jens Michel နဲ့တွေ့ဆုံခြင်း

အွန်လိုင်းပေါ်ကနေ ရောင်းဝယ်မှုတွေ ပြုလုပ်ဖို့ အဓိကဘယ်လို အခက်အခဲတွေရှိလဲ။

မြန်မာနိုင်ငံမှာဆိုရင် အင်တာနက်တွေ ခေတ်စားလာပြီးတော့ ၂၆ သန်းသော ပြည်သူတွေဟာ အခုဆို Facebook တွေ သုံးလာကြ ပြီ။ သန်း ၂၀ ဟာဆိုရင် Viber ကို အသုံးပြုလာကြပြီ။ နောက်မိုဘိုင်းဖုန်း အသုံးပြုတဲ့သူဟာဆိုရင် လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော် ရှိလာပြီ။ ဒီအခြေအနေတွေ အကုန်လုံးကို လိုက်ပြီးတော့ eCommerce ပလက်ဖောင်းပေါ်ကနေ ပြုလုပ်ရတာ အများကြီးအကျိုးရှိတယ်၊ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ယူဆောင်လာပါတယ်။ အခွင့်အလမ်းဆိုတာ ဘယ်လိုအခွင့် လမ်းမျိုးလည်းဆိုရင် လူထုကိုပညာပေးရမယ့် အခွင့်အလမ်းမျိုး ပါ။ ဒါက စားသောက်ကုန်လုပ် ငန်းဖြစ်တဲ့အတွက် စားသောက် ကုန်လုပ်ငန်းကနေ ဘေးအန္တရာယ် ကင်းရှင်းရေးက အလွန်အရေးကြီးပါတယ်။ လူထုကိုအစားသောက် ဘေးအန္တရာယ် ကင်းရှင်းရေးအနေနဲ့ ဘယ်လိုမျိုးပညာပေးရေး တွေ လုပ်သွားနိုင်မလဲ။ ဘယ်လိုအကျိုးပြုပြီးတော့ ဗဟုသုတတွေ ပေးသွားနိုင်မလဲနဲ့ ဒါက တစ်နေရာထဲမှာ တစ်စုတစ်စည်းတည်း ရှိနေတဲ့ တီထွင်ကြံဆမှုလည်း ဖြစ်တယ်။ အစားသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလည်း ဖြစ်တယ်။ စားသောက်ကုန်တွေ ပံ့ပိုးပေးတဲ့နေရာလည်း ဖြစ်တဲ့အတွက် အများကြီး ပါဝင်ပတ်သက်သွားလို့ ရပါတယ်။

စားသုံးသူတွေရဲ့ ပေးဆောင်ရတဲ့ အခွန်ပမာဏအနေနဲ့ ဘယ်လိုသတ်မှတ်ထားပါသလဲ။

မြန်မာနိုင်ငံအစ်ိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းဘဲ ဒီကလည်း နိုင်ငံတော်အစိုးရကို အခွန်ပေးဆောင်ပြီးတော့ နိုင်ငံတော်အစိုးရကလည်း သတ်မှတ်ထားတဲ့ နှုန်းတားအတိုင်းပဲ စျေးဝယ်သူ စားသုံးသူတွေကို ဒီနှုန်းတားတွေကို အားလုံးပေးဆောင်တဲ့အတိုင်း လိုက်နာပြီးတော့ ကောက်ခံပါတယ်။

METRO Wholesale Myanmar ကနေ ဖြန့်ချိတဲ့ ကုန်ပစ္စည်းအမျိုးအစားပေါင်း ဘယ် လောက်ထိရှိသွားပြီလဲ။

စားသောက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်မဟုတ်တဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးကုန်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများဆို ပြီးတော့ မတ်လကနေ အခုချိန်ထိ ပစ္စည်းအမယ်ပေါင်း (၅၀) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်များ၊ အသား ငါးများ၊ ပင်လယ်စာများ၊ ဖျော်ရည်များ၊ ခေတ်မီအအေးခန်း မှာ သိုလှောင်ထားတဲ့ အစား အသောက်များ၊ စည်သွပ်ဘူးနဲ့ကုန်ခြောက်များ၊ ဝိုင်နဲ့ချိစ်များ စသဖြင့် ကုန်ပစ္စည်းပေါင်း (၃,၀၀၀) ကျော်ရှိတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် အကြောင်းများရှိရင် သိချင်ပါတယ်။

အခုလောလောဆယ်တော့ ရန်ကုန်တစ်ခုတည်းကို ချဲ့ထွင်နေ ပြီးတော့ အာရုံစိုက်နေပေမယ့် မန္တ လေး၊ နေပြည်တော်၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွေအထိ တိုးချဲ့သွားဖို့ တွေရှိပါတယ်။

METRO Wholesale Myanmar ရုံးခွဲကိုပြည်တွင်းမှာ ပထမဆုံး ဖွင့်လှစ်တာလား။

တစ်မ္ဘာလုံးဆိုင်ရာ Metro အတွက်ဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံး Market အသစ်ကို ဝင်ရောက်တာ ဖြစ်တယ်။ မြန်မာ နိုင်ငံက အချက်အချာကျတဲ့ နေရာဖြစ်တယ်။ ပထဝီအနေထားအရရော အာဆီယံထဲမှာရော ဖြစ်တဲ့အတွက် စီးပွားအချက်ချာလည်း ကျတဲ့အတွက် Market အသစ်မှာ လာပြီးတော့ ပြုလုပ်ရခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ ဘယ်လောက်အထိ ရှိသလဲ။

ပထမဦးဆုံး သီလဝါရှိခေတ် မီကုန်သိုလှောင်ရုံမှာယူရို ၁၀ သန်းမြှုပ်နှံထားပါတယ်။ RFC နဲ့တွဲပြီး တော့လည်း ယူရိုဒေါ်လာသန်း ၂၀ ထပ်ပြီးတော့ ပံ့ပိုးပေးထားပါတယ်။ အခုလောလောဆယ်
ဆက်ပြီး ရင်းနှီးမြှုပ်နှံသွားဖို့ရှိ တယ်။ မြန်မာနိုင်ငံမှာ ဆက်တိုက်ရင်းနှီးမြှုပ်နှံသွားဖို့ ရှိပါတယ်။

-ဝေဝေ