Messenger video chat အတြက္ ကိုယ္ပိုင္ AR ဂိမ္းေတြကို ျဖန္႔ခ်ိလိုက္တဲ့ Facebook

[ Zawgyi ]

Facebook ရဲ႕ Messenger feature သစ္ဟာ သံုးစြဲသူေတြက augmented reality (AR) ဂိမ္းေတြကို သူငယ္ခ်င္း ေျခာက္ေယာက္နဲ႔ ကစားေစႏိုင္မွာျဖစ္ပါတယ္။ ဒီကေန႔မွာ Facebook က ကမ႓ာတစ္ဝန္းထံ ျဖန္႔ခ်ိလိုက္တဲ့ ဂိမ္းႏွစ္ခုကေတာ့ Don’t Smile နဲ႔ Asteroids Attack တို႔ျဖစ္ပါတယ္။

ဒီ AR ဂိမ္းေတြကို ကစားဖို႔အတြက္ ဖုန္းမွာ Messenger ေနာက္ဆံုးဗားရွင္းရိွဖို႔လိုပါတယ္။ အဲ့ဒီေနာက္ ကိုယ္ video chat လုပ္ခ်င္သူကို ရွာေဖြၿပီး screen ရဲ႕ အေပၚညာဘက္ေထာင့္က video icon ကိုႏွိပ္ပါ။ ၿပီးရင္ star ခလုတ္ကိုႏွိပ္ၿပီး AR ဂိမ္းကို ေရြးခ်ယ္ပါ။ အဲ့ဒီအခါ တစ္ဖက္ user ဒါမွမဟုတ္ group မွာ notification တစ္ခုေပၚလာမွာျဖစ္ပါတယ္။ Accept လုပ္လိုက္တဲ့အခါမွာ ပါဝင္ကစားမယ့္ သူတိုင္းက live video group chat တစ္ခုထဲကို ေရာက္ရိွလာမွာျဖစ္ပါတယ္။

Snapchat ကလည္း သံုးစြဲသူေတြရဲ႕ မ်က္ႏွာေတြေပၚမွာ ျပသေပးမယ့္ AR ဂိမ္းေတြကို စမ္းသပ္ေနပါတယ္။ ကုမၸဏီအေနနဲ႔ Snappables လို႔ေခၚတဲ့ AR ဂိမ္းေတြကို ဧၿပီလက မိတ္ဆက္ခဲ့ပါတယ္။

[ Unicode ]

Facebook ရဲ့ Messenger feature သစ်ဟာ သုံးစွဲသူတွေက augmented reality (AR) ဂိမ်းတွေကို သူငယ်ချင်း ခြောက်ယောက်နဲ့ ကစားစေနိုင်မှာဖြစ်ပါတယ်။ ဒီကနေ့မှာ Facebook က ကမ႓ာတစ်ဝန်းထံ ဖြန့်ချိလိုက်တဲ့ ဂိမ်းနှစ်ခုကတော့ Don’t Smile နဲ့ Asteroids Attack တို့ဖြစ်ပါတယ်။

ဒီ AR ဂိမ်းတွေကို ကစားဖို့အတွက် ဖုန်းမှာ Messenger နောက်ဆုံးဗားရှင်းရှိဖို့လိုပါတယ်။ အဲ့ဒီနောက် ကိုယ် video chat လုပ်ချင်သူကို ရှာဖွေပြီး screen ရဲ့ အပေါ်ညာဘက်ထောင့်က video icon ကိုနှိပ်ပါ။ ပြီးရင် star ခလုတ်ကိုနှိပ်ပြီး AR ဂိမ်းကို ရွေးချယ်ပါ။ အဲ့ဒီအခါ တစ်ဖက် user ဒါမှမဟုတ် group မှာ notification တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ Accept လုပ်လိုက်တဲ့အခါမှာ ပါဝင်ကစားမယ့် သူတိုင်းက live video group chat တစ်ခုထဲကို ရောက်ရှိလာမှာဖြစ်ပါတယ်။

Snapchat ကလည်း သုံးစွဲသူတွေရဲ့ မျက်နှာတွေပေါ်မှာ ပြသပေးမယ့် AR ဂိမ်းတွေကို စမ်းသပ်နေပါတယ်။ ကုမ္ပဏီအနေနဲ့ Snappables လို့ခေါ်တဲ့ AR ဂိမ်းတွေကို ဧပြီလက မိတ်ဆက်ခဲ့ပါတယ်။