Memory Stick and SD Card ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ICT အသုံးပြုသူတိုင်း သိထားသင့်တဲ့ Memory stick နဲ့ SD card တို့ရဲ့ အမြန်နှုန်း၊ သိမ်းဆည်းနိုင်တဲ့ ပမာဏ၊ လုံခြုံရေး အစရှိသည်များကို Memory Stick and SD Card ခေါင်းစဉ်နဲ့ အောက်တိုဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီမှ ၁၁:၃၀ အထိ ဆွေးနွေးဟောပြောသွားမယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားတွင် Storage Technology SIG ရဲ့ Coordinator ဖြစ်သူ ဦးထင်အောင် က WebinarJam (Online Platform) ကို အသုံးပြုကာ ဆွေးနွေးဟောပြောသွားမယ်လို့ သိရပါတယ်။

စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/sig1 မှာ Register ဝင်ရောက်ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ အခမ်းအနားကျင်းပမယ့်နေ့ မတိုင်မီတွင် Register ပြုလုပ်ပါက ပြုလုပ်ပြီးသည်နှင့် မိမိတို့ထည့်သွင်းထားသည့် email သို့ Live Room Link ရောက်ရှိမှာဖြစ်ပြီး အဆိုပါ Live Room Link ကို နှိပ်ကာ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲကျင်းပတဲ့နေ့မှာ Register ပြုလုပ်မယ့်သူတွေ အနေနဲ့ Register ပြုလုပ်ပြီးတာနဲ့ Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ ပွဲသို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««