Meizu M6 Note အလုံးရေ ၂၀၀,၀၀၀ ကျော် ရောင်းချခဲ့ရ

Meizu ဟာ M6 Note စမတ်ဖုန်းကို သြဂုတ်လ ၂၃ ရက်မှာ စတင်မိတ်ဆက်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှာ စတင်ရောင်းချခဲ့ပါတယ်။ အခုဆိုရင် Meizu M6 Note ကို အွန်လိုင်းနဲ့ offline တွေကတစ်ဆင့် အလုံးရေ ၂၀၀,၀၀၀ ကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

အခုဆိုရင် Meizu ဟာ နာမည်ကျော် M6 Note ကို ဆက်လက်ရောင်းချနိုင်ဖို့အတွက် ထုတ်ကုန်တွေကို အလျင်အမြန် ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

RAM 4GB နဲ့ storage 64GB ပါဝင်တဲ့ Meizu M6 Note မော်ဒယ်က ယူရို ၂၂၀ ဖြစ်ပြီး RAM 3GB နဲ့ storage 32GB မော်ဒယ်ကို ၁၆၅ ယူရိုနဲ့ ရောင်းချနေပါတယ်။ RAM 3GB နဲ့ storage 16GB ကတာ့ ယူရို ၁၄၀ ဖြစ်ပါတယ်။

Meizu M6 Note မှာ မျက်နှာပြင် ၅.၅ လက်မ 1080p display နဲ့ Snapdragon 625 ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာ dual ကင်မရာကို အသုံးပြုထားပြီး ပင်မကင်မရာက 12MP ဖြစ်ကာ ဒုတိယမြောက်ကင်မရာကတော့ 5MP f/1.9 ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena