Meizu 16s Pro မွာ ကင္မရာ ၃ လုံးပါဝင္လာ

[ Zawgyi ]

Meizu ဟာ 16s Pro အမည္ရ Pro ဗားရွင္းတစ္မ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ အခု Meizu 16s Pro ဟာ ဧၿပီလအတြင္းျဖန္႔ခ်ိခဲ့တဲ့ 16s ထုတ္ကုန္ကုိ အဆင့္ျမႇင့္တင္ထားတာ ျဖစ္ပါတယ္။

ထုတ္ကုန္ေတြအၾကား အဓိက ကြာျခားမႈကေတာ့ Snapdragon 855+ chipset နဲ႔ ကင္မရာ ၃ လုံး ပါဝင္လာတာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အရြယ္အစား ၆.၂ လက္မ FHD+ AMOLED panel မွာ 160Hz touch sampling rate နဲ႔ 16s ထုတ္ကုန္က ေဘးေဘာင္ကုိ အသုံးျပဳထားပါတယ္။ Meizu အေနနဲ႔ ၀.၁၅ စကၠန္႔ အတြင္း ဖုန္းကုိ unlock လုပ္ႏိုင္ေအာင္ in-display fingerprint sensor ကုိအဆင့္ျမႇင့္တင္ထားပါတယ္။ ေရွ႕ကင္မရာကေတာ့ 16s လိုပဲ 20MP F/2.0 sensor ကုိအသုံးျပဳထားပါတယ္။ ေက်ာဘက္မွာေတာ့ 16MP F/2.2 ultrawide lens အျပင္ 48MP F/1.7 optical stabilized Sony IMX 586 နဲ႔ 20MP F/2.6 telephoto တို႔ပါဝင္လာပါတယ္။ 16MP sensor အသစ္မွာ LED ring flash တစ္ခု ပါဝင္လာပါတယ္။ Meizu 16s Pro နဲ႔ 60fps နဲ႔ 4K ကို႐ိုက္ကူးႏိုင္ၿပီး ညအခါမွာ ဓာတ္ပုံေတြ ႐ိုက္ကူးမႈေကာင္းမြန္ၿပီး protrait mode, HDR နဲ႔ ေနရာေတြကုိ မွတ္သားေပးႏိုင္တဲ့ လုပ္ေဆာင္ခ်က္ ပါဝင္လာပါတယ္။

Meizu 16s Pro မွာ Snapdragon 855+ Soc ကို RAM 6 ဒါမွမဟုတ္ 8GB နဲ႔တြဲဖက္ထားၿပီး 256GB UFS 3.0 storage ပါဝင္လာပါတယ္။ ဘက္ထရီကေတာ့ 3,600mAh ရွိၿပီး 24W အားသြင္းျမန္ဆန္တဲ့စနစ္ ပါဝင္လာပါတယ္။

Meizu ရဲ႕ Android 9 Pie အေျခခံ Flyme 8 OS အသုံးျပဳထားၿပီး ေနာက္ဆုံးေပၚ skin က ေတာက္ေျပာင္ကာ ႐ိုးရွင္းပါတယ္။ ဖုန္းထဲမွာ live wallpaper အသစ္ေတြ၊ ringtone ေတြနဲ႔ system အသံသစ္ေတြလည္း ပါ၀င္လာပါတယ္။ အျခား feature ေတြကေတာ့ One Mine 3.5 system optimizer, Game Mode 4.0 နဲ႔ AR emoji ေတြနဲ႔ Aicy voice assistant တို႔ပါဝင္လာပါတယ္။

Meizu 16s Pro ကုိ အျဖဴ၊ အနက္၊ Gradietn နဲ႔ အစိမ္းတို႔ထုတ္လုပ္ထားၿပီး RAM 6GB နဲ႔ storage 128GB ဗားရွင္းကို ေဒၚလာ ၃၇၆ နဲ႔ေရာင္းခ်ပါမယ္။ အျခား ဗားရွင္းျဖစ္တဲ့ 8/128GB ကုိ ၄၁၈ ေဒၚလာနဲ႔ 8/256GB ကုိေတာ့ ေဒၚလာ ၄၆၀ နဲ႔ေရာင္းခ်ပါမယ္။ Meizu 16s Pro ကုိ ႀကိဳတင္မွာယူႏိုင္ၿပီး ၾသဂုတ္ ၃၁ ရက္မွာ စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Meizu ဟာ 16s Pro အမည်ရ Pro ဗားရှင်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ အခု Meizu 16s Pro ဟာ ဧပြီလအတွင်းဖြန့်ချိခဲ့တဲ့ 16s ထုတ်ကုန်ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။

ထုတ်ကုန်တွေအကြား အဓိက ကွာခြားမှုကတော့ Snapdragon 855+ chipset နဲ့ ကင်မရာ ၃ လုံး ပါဝင်လာတာ ဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၆.၂ လက်မ FHD+ AMOLED panel မှာ 160Hz touch sampling rate နဲ့ 16s ထုတ်ကုန်က ဘေးဘောင်ကို အသုံးပြုထားပါတယ်။ Meizu အနေနဲ့ ၀.၁၅ စက္ကန့် အတွင်း ဖုန်းကို unlock လုပ်နိုင်အောင် in-display fingerprint sensor ကိုအဆင့်မြှင့်တင်ထားပါတယ်။ ရှေ့ကင်မရာကတော့ 16s လိုပဲ 20MP F/2.0 sensor ကိုအသုံးပြုထားပါတယ်။ ကျောဘက်မှာတော့ 16MP F/2.2 ultrawide lens အပြင် 48MP F/1.7 optical stabilized Sony IMX 586 နဲ့ 20MP F/2.6 telephoto တို့ပါဝင်လာပါတယ်။ 16MP sensor အသစ်မှာ LED ring flash တစ်ခု ပါဝင်လာပါတယ်။ Meizu 16s Pro နဲ့ 60fps နဲ့ 4K ကိုရိုက်ကူးနိုင်ပြီး ညအခါမှာ ဓာတ်ပုံတွေ ရိုက်ကူးမှုကောင်းမွန်ပြီး protrait mode, HDR နဲ့ နေရာတွေကို မှတ်သားပေးနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။

Meizu 16s Pro မှာ Snapdragon 855+ Soc ကို RAM 6 ဒါမှမဟုတ် 8GB နဲ့တွဲဖက်ထားပြီး 256GB UFS 3.0 storage ပါဝင်လာပါတယ်။ ဘက်ထရီကတော့ 3,600mAh ရှိပြီး 24W အားသွင်းမြန်ဆန်တဲ့စနစ် ပါဝင်လာပါတယ်။

Meizu ရဲ့ Android 9 Pie အခြေခံ Flyme 8 OS အသုံးပြုထားပြီး နောက်ဆုံးပေါ် skin က တောက်ပြောင်ကာ ရိုးရှင်းပါတယ်။ ဖုန်းထဲမှာ live wallpaper အသစ်တွေ၊ ringtone တွေနဲ့ system အသံသစ်တွေလည်း ပါ၀င်လာပါတယ်။ အခြား feature တွေကတော့ One Mine 3.5 system optimizer, Game Mode 4.0 နဲ့ AR emoji တွေနဲ့ Aicy voice assistant တို့ပါဝင်လာပါတယ်။

Meizu 16s Pro ကို အဖြူ၊ အနက်၊ Gradietn နဲ့ အစိမ်းတို့ထုတ်လုပ်ထားပြီး RAM 6GB နဲ့ storage 128GB ဗားရှင်းကို ဒေါ်လာ ၃၇၆ နဲ့ရောင်းချပါမယ်။ အခြား ဗားရှင်းဖြစ်တဲ့ 8/128GB ကို ၄၁၈ ဒေါ်လာနဲ့ 8/256GB ကိုတော့ ဒေါ်လာ ၄၆၀ နဲ့ရောင်းချပါမယ်။ Meizu 16s Pro ကို ကြိုတင်မှာယူနိုင်ပြီး သြဂုတ် ၃၁ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Ref: GSMArena