Mega Display ပါဝင္တဲ့ Nokia ဖုန္းသစ္တစ္မ်ိဳးကို မၾကာမီ HMD မိတ္ဆက္ဖြယ္ရွိ

[ Zawgyi ]

ၿပီးခဲ့တဲ့တစ္ပတ္က HMD Global ဟာ Nokia 7.1 စမတ္ဖုန္းကုိ မိတ္ဆက္ခဲ့ေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက စိတ္ပ်က္ခဲ့ၾကပါတယ္။ Nokia 7.1 ဟာ အရင္ထြက္ရွိထားတဲ့ Nokia 6.1 Plus မွာ Carl Zeiss ကင္မရာ lens နဲ႔ Nokia ရဲ႕ “PureDisplay” နည္းပညာကို ထည့္သြင္းထားတဲ့ ပုံစံ ျဖစ္ေနပါတယ္။ ဒါေပမဲ့ HMD အေနနဲ႔ မၾကာမီမွာ အျခားဖုန္းတစ္မ်ိဳးကို မိတ္ဆက္ဖြယ္ရွိၿပီး အဲဒီဖုန္းမွာ “Mega Display” ပါဝင္လာႏိုင္ပါတယ္။

Nokia Mobile India ရဲ႕ တရားဝင္ Twitter account မွာ မၾကာမီ မိတ္ဆက္မယ့္ ထုတ္ကုန္သစ္နဲ႔ပတ္သက္ၿပီး tweet တစ္ခုကုိ တင္ခဲ့ပါတယ္။ အဲဒီ tweet ကုိတင္ၿပီး သိပ္မၾကာခင္မွာ ဖ်က္ပစ္ခဲ့ပါတယ္။ ဒါေပမဲ့ MySmartPrice က tweet ရဲ႕ screenshot နဲ႔ ဗီဒီယိုကုိ YouTube ေပၚတင္ခဲ့ပါတယ္။ အဲဒီ tweet မွာ တင္ခဲ့တဲ့ အရာကေတာ့ ၆ စကၠန္႔ဗီဒီယို ျဖစ္ၿပီး အသစ္မိတ္ဆက္မယ့္ Nokia ဖုန္းကုိ ျပသထားပါတယ္။ ဗီဒီယိုမွာ Nokia ဖုန္းသစ္ရဲ႕ ေက်ာဘက္ကုိ ျပသထားတဲ့အတြက္ dual ကင္မရာစနစ္ကို ျမင္ေတြ႕ရပါတယ္။ အဲဒီဗီဒီယိုမွာ “To see the bigger picture” နဲ႔ “A mega display is coming” ဆုိတဲ့ စာတန္းေတြ ပါဝင္လာပါတယ္။

Nokia ဖုန္းသစ္ဟာ Nokia 7.1 Plus ျဖစ္လာႏိုင္တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ Nokia 7.1 Plus ကုိ Nokia 7.1 နဲ႔အတူ မိတ္ဆက္ဖို႔ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ ထင္သလို မျဖစ္လာပါဘူး။ ဒါေပမဲ့ Nokia 7.1 Plus မွာ ၆ လက္မ အရြယ္ display တစ္ခု ပါဝင္လာႏိုင္ပါတယ္။

Nokia X7 ဟာ Nokia 7.1 Plus ရဲ႕တ႐ုတ္မွာ ေရာင္းခ်တဲ့ ဗားရွင္းျဖစ္တယ္လို႔ ဖုန္းရဲ႕ TENAA စာရင္းမွာ ေဖာ္ျပထားပါတယ္။ အဲဒီဖုန္းရဲ႕ မ်က္ႏွာျပင္အရြယ္အစားဟာ ၆.၁၈ လက္မ ႐ုပ္ထြက္အရည္အေသြး 2246x 1080 ရွိပါတယ္။ ဒါ့အျပင္ 2.2GHz octa-core ပ႐ိုဆက္ဆာနဲ႔ RAM 4GB/6GB နဲ႔ storage 64GB/128GB ပါဝင္တယ္လို႔ သိရပါတယ္။ ဒါေပမဲ့ Nokia 7.1 Plus ရဲ႕ေက်ာဘက္ကင္မရာကေတာ့ 12MP sensor နဲ႔ 13MP sensor တို႔ျဖစ္ၿပီး ေရွ႕ဘက္ကင္မရာမွာ 20MP အသုံးျပဳထားတယ္လို႔ သိရပါတယ္။ ဘက္ထရီကေတာ့ 3400mAh ျဖစ္သလို Nokia 7 Plus ရဲ႕ 3,800 mAH ဘက္ထရီထက္ေသးငယ္ပါတယ္။

Nokia ဖုန္းသစ္ကုိ ေအာက္တိုဘာလ ၁၁ ရက္မွာ မိတ္ဆက္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GizmoChina

[ Unicode ]

ပြီးခဲ့တဲ့တစ်ပတ်က HMD Global ဟာ Nokia 7.1 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပေမယ့် လူတော်တော်များများက စိတ်ပျက်ခဲ့ကြပါတယ်။ Nokia 7.1 ဟာ အရင်ထွက်ရှိထားတဲ့ Nokia 6.1 Plus မှာ Carl Zeiss ကင်မရာ lens နဲ့ Nokia ရဲ့ “PureDisplay” နည်းပညာကို ထည့်သွင်းထားတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒါပေမဲ့ HMD အနေနဲ့ မကြာမီမှာ အခြားဖုန်းတစ်မျိုးကို မိတ်ဆက်ဖွယ်ရှိပြီး အဲဒီဖုန်းမှာ “Mega Display” ပါဝင်လာနိုင်ပါတယ်။

Nokia Mobile India ရဲ့ တရားဝင် Twitter account မှာ မကြာမီ မိတ်ဆက်မယ့် ထုတ်ကုန်သစ်နဲ့ပတ်သက်ပြီး tweet တစ်ခုကို တင်ခဲ့ပါတယ်။ အဲဒီ tweet ကိုတင်ပြီး သိပ်မကြာခင်မှာ ဖျက်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ MySmartPrice က tweet ရဲ့ screenshot နဲ့ ဗီဒီယိုကို YouTube ပေါ်တင်ခဲ့ပါတယ်။ အဲဒီ tweet မှာ တင်ခဲ့တဲ့ အရာကတော့ ၆ စက္ကန့်ဗီဒီယို ဖြစ်ပြီး အသစ်မိတ်ဆက်မယ့် Nokia ဖုန်းကို ပြသထားပါတယ်။ ဗီဒီယိုမှာ Nokia ဖုန်းသစ်ရဲ့ ကျောဘက်ကို ပြသထားတဲ့အတွက် dual ကင်မရာစနစ်ကို မြင်တွေ့ရပါတယ်။ အဲဒီဗီဒီယိုမှာ “To see the bigger picture” နဲ့ “A mega display is coming” ဆိုတဲ့ စာတန်းတွေ ပါဝင်လာပါတယ်။

Nokia ဖုန်းသစ်ဟာ Nokia 7.1 Plus ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Nokia 7.1 Plus ကို Nokia 7.1 နဲ့အတူ မိတ်ဆက်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် ထင်သလို မဖြစ်လာပါဘူး။ ဒါပေမဲ့ Nokia 7.1 Plus မှာ ၆ လက်မ အရွယ် display တစ်ခု ပါဝင်လာနိုင်ပါတယ်။

Nokia X7 ဟာ Nokia 7.1 Plus ရဲ့တရုတ်မှာ ရောင်းချတဲ့ ဗားရှင်းဖြစ်တယ်လို့ ဖုန်းရဲ့ TENAA စာရင်းမှာ ဖော်ပြထားပါတယ်။ အဲဒီဖုန်းရဲ့ မျက်နှာပြင်အရွယ်အစားဟာ ၆.၁၈ လက်မ ရုပ်ထွက်အရည်အသွေး 2246x 1080 ရှိပါတယ်။ ဒါ့အပြင် 2.2GHz octa-core ပရိုဆက်ဆာနဲ့ RAM 4GB/6GB နဲ့ storage 64GB/128GB ပါဝင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Nokia 7.1 Plus ရဲ့ကျောဘက်ကင်မရာကတော့ 12MP sensor နဲ့ 13MP sensor တို့ဖြစ်ပြီး ရှေ့ဘက်ကင်မရာမှာ 20MP အသုံးပြုထားတယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 3400mAh ဖြစ်သလို Nokia 7 Plus ရဲ့ 3,800 mAH ဘက်ထရီထက်သေးငယ်ပါတယ်။

Nokia ဖုန်းသစ်ကို အောက်တိုဘာလ ၁၁ ရက်မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GizmoChina