Meeting Video Conferencing Platform တစ်ခုကို ပြည်တွင်းစျေးကွက်သို့ မိတ်ဆက်

Vortech Myanmar Company မှ Yealink Meeting Video Conferencing Platform တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။

“သူကနော် အခု လူအများ အသုံးပြုနေတဲ့ Zoom/Webex/Teams/Google Meets တို့လိုပဲ လွယ်လင့်တကူ အသုံးပြုလို့ရတဲ့ ပလက်ဖောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ရိုးရှင်းလှတဲ့ User Interface ကတော့ အသုံးပြုသူကို ကောင်းစွာ အထောက်အပံ့ပေးနိုင်ပါတယ်။ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ windows, Mac, iOS အပြင် Android စတာတွေမှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ Security ပိုင်းကို အထူး အလေးထား ဆောင်ရွက်ထားပြီး meeting control ကို လိုအပ်သလို ပြုလုပ်နိုင်ပါသေးတယ်။ Intelligent Routing ပါတဲ့အတွက် Traffic အနည်းဆုံး ကိုရွေးချယ်ပေးပြီး bandwidth အနည်းဆုံး နဲ့ သုံးစွဲနိုင်မှာပါ။ ဒါ့အပြင် Full HD (1080P) ထောက်ပံ့ပေးနိုင်ပါတယ်” လို့ Vortech Myanmar Company မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိမိ အဖွဲ့အစည်းမှာ အသုံးပြုနေတဲ့ H.323/IP Protocol (Polycom, Cisco, Aver) တွေနဲ့လည်း ချိတ်ဆက်နိုင်သလို Standard, Enterprise, Business ဆိုပြီး မိမိနဲ့ ကိုက်ညီမယ့် အမျိုးအစားကို ရွေးချယ်နိုင်ကြောင်း သိရပါတယ်။ စိတ်ဝင်စားသူတွေ အနေနဲ့ https://www.yealinkmeeting.com/portal/ မှာ ဝင်ရောက်လေ့လာနိုင်ပြီး အသေးစိတ် အချက်အလက်တွေကို အမှတ် ၁၇၉၊ အထက် ၄၈ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း – ၀၉၄၅၇၇၅၁၀၆၄ (naing.lynn@vortechcomms.com) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««