MediEvil

Evil ဆိုလို့ ကြောက်စရာ မကောင်းဆိုးဝါး တစ်ကောင်လို့ မထင်လိုက်နဲ့၊ အသံထွက်ကအစ ချစ်စရာလေးနဲ့ ရုပ်ထွက်ကိုပါ ကလေးတွေ သဘောကျအောင် ဖန်တီးထားတဲ့ ဂိမ်းသစ်လေးပါ။ အားနည်းချက် ဆိုလို့ Single တစ်ခုတည်းနဲ့ ကစားနိုင်မယ့် အချက်လေးတစ်ခုပဲ ရှိတယ်၊ ကျန်တာက ဇာတ်လမ်းသွားရော စိတ်ဝင်စားအောင် ဖန်တီးထားနိုင်မှုပါ သဘောကျစရာ ကောင်းပါတယ်။

၁၉၉၅ ခုနှစ်ကဖန်တီးပြီး ၁၉၉၈ အတွင်းက ဖြန့်ချိခဲ့တဲ့ Dead Man Dan ရဲ့ ဇာတ်လမ်းတွဲပါ။ ဂိမ်းရဲ့ ကစားမှုက အပိုင်းတစ်ပိုင်းချင်းစီကို အနိုင်ရအောင် ကြိုးစားရမယ်၊ ကစားသူက Sir Daniel Fortesque နေရာမှာ ဝင်ကစားရမယ်၊ သူ့မှာ အနီးကပ် တိုက်ခိုက်မှုအတွက်ရော အဝေးပစ်အတွက်ပါ လက်နက်အစုံသုံးနိုင်မယ်။ ဓားလို လက်နက်အစုံအလင်ကို အနီးကပ် တိုက်ခိုက်မှုတွေအတွက် သုံးနိုင်မှာ ဖြစ်သလိုဒူး လေးနဲ့မြှားတွေကိုတော့ အဝေးပစ်လက်နက်အဖြစ် သုံးနိုင်မှာပါ။

အကာအကွယ်အတွက် ချပ်ဝတ်တန်ဆာ ဝတ်ဆင်နိုင်မှုရှိမယ်၊ Dan ရဲ့ အသက်ကိုတိုက်ခိုက်ခံရတိုင်း အလျော့အနည်းပြမယ့် ဘားလေးသီးသန့်ပါမယ်။ မိမိရဲ့ အသက်လက်ကျန်ကို ချိန်ဆပြီး ထိန်းကစားနိုင်မှာပါ။ ချပ်ဝတ်တန်ဆာတွေမှာလည်း သတ်မှတ်ခံနိုင်ရည်နဲ့ အချိန်သတ် မှတ်ချက်ရှိပြီး သတ်မှတ်အတိုင်းအတာထိအောင် ကာကွယ်မှုပေးပြီးရင် အကာအကွယ်စနစ်က ပျောက်သွားသလို ချပ်ဝတ်မရှိတဲ့အချိန် တိုက်ခိုက်ခံရရင်တော့ အသက်လျော့နည်းမှု ပိုများပါတယ်။ ဒီတော့ ရန်သူကိုတိုက်ခိုက်၊ ရလာတဲ့ Loot နဲ့ ချပ်ဝတ် ကောင်းကောင်း အမြဲဝယ်ထား၊ ဝတ်ထားဖို့တော့ လိုအပ်မှာပါ။

Dan အနေနဲ့ တိုက်ခိုက်ရင်း ထိခိုက်မှုများရင်လည်းသေနိုင်သလို မြင့်မားတဲ့ နေရာတစ်ခုခုကနေ ကျတယ်ဆိုရင်လည်းလက် တွေ့ဆန်ဆန်ပဲ အသက်လျော့မယ်၊ မြင့်မြင့်က ကျလေလေ တစ်ခါတည်း သေနိုင်ဖို့တောင် ရှိပါတယ်။ ရောက်တဲ့နေရာမှာ Dan သေသွားပြီဆိုတာနဲ့ အစကပြန်စရပါမယ်။ အသက် အပိုမပါပါဘူး။ ဒါပေမဲ့ Dan မှာ အသက်ဆက်နိုင်မယ့်၊လျော့ နည်းသွားတဲ့ အသက်ကိုပြန်ဖြည့် နိုင်မယ့် Life Bottle ရနိုင်တဲ့အခွင့်အရေး ရှိပါတယ်။

ရန်သူကို တိုက်ခိုက်ရင်း Lootတွေ ရနိုင်သလို အသက်ပြန်ဖြည့်နိုင်မယ့် ဆေးရည်တွေလည်း ရနိုင်ပါတယ်။ စုထားပြီး လိုအပ်သလို သုံးနိုင်မှာပါ။ Loot တွေက ချပ်ဝတ်နဲ့ အခြား Item တွေ စပ်ဖို့သုံးနိုင် ပေမယ့် လက်နက် အသစ်တွေကတော့ အခန်းတစ်ခန်းအောင်မြင် အနိုင်ရချိန်မှ Unlock ဖြစ် လာမှာပါ။ ပိုမိုခက်ခဲတဲ့ရန်သူနဲ့ ရင်ဆိုင်နိုင်ဖို့ ပိုမိုကောင်းမွန်တဲ့ သင့်လျော်တဲ့ လက်နက်အသစ်တွေ ပွင့်လာမှာပါ။ Dan နောက်ဆုံး ရင်ဆိုင်ရမယ့် ရန်သူကတော့ ခေါင်းဆောင်ကြီး Zarok ပါ။ သူက ပုံမှန်အချိန်မှာ လူတစ်ယောက်လို ဆိုပေမယ့် တိုက်ခိုက်မယ့် အချိန်မှာတော့ ဘီလူးကြီး တစ်ကောင်လို ပြောင်းလဲသွားပြီး စွမ်းရည်ရော အရွယ်အစားပါ Dan ထက်သာ လွန်သွားပါတော့တယ်။

ဒါကြောင့် အကောင်းဆုံး ချပ်ဝတ်နဲ့ လက်နက်တွေ မပါရင်တော့ Zarok ကိုနိုင်ဖို့ မဖြစ်နိုင်သလို ဂိမ်းမှာ ခက်ခဲအောင် ဖန်တီးထားတဲ့ အချက်တစ်ခုဖြစ်တဲ့ Dan သေသွားရင် အစက ပြန်စရမယ့် အနေအထားမှာ သင့်အနေနဲ့ Zarokကို အနိုင်ရအောင် ဘယ်လိုရင်ဆိုင်မှာလဲ။ Danရဲ့ စွမ်းရည် တစ်ခုတည်းနဲ့တော့ မရပါဘူး၊ သင့်မှာ အကြံဉာဏ်ကောင်းရှိမှ၊ ဗျူဟာကောင်းကောင်းနဲ့ တိုက်ပြီး အနိုင်ရပါလိမ့်မယ်။ ကဲ၊ လုံးဝ အသစ်ထွက်လာတဲ့ ဂိမ်းသစ်လေး ဖြစ်လို့ ပြည်တွင်းက PlaySt-ationရှိသူတွေ အတွက် လက်မလွှတ်သင့်တဲ့ ဂိမ်းလေးပါ၊ နောက်ပိုင်းမှာတော့ Winsသမားတွေ အတွက် Update Version လာဖို့ ရှိတယ်လို့လည်း ကြားမိထားပါတယ်။