MediaTek, Qualcomm, Intel အပြင် AMD နဲ့ Honor ပူးပေါင်း

Honor ဟာ V40 5G စမတ်ဖုန်းမိတ်ဆက်ပြီး နောက်မှာ သီးခြားလွတ်လပ်တဲ့ ကုမ္ပဏီအဖြစ် လုပ်ကိုင်သွားပါမယ်။ Honor စီအီးအို ဂျော့ကျန်းကတော့ ချစ်ပ်ထုတ်လုပ်သူ MediaTek , Qualcomm တို့နဲ့လည်း ပူးပေါင်းရေး သဘောတူညီချက်လက်မှတ်ထိုးခဲ့ပါတယ်။

ဒါ့အပြင် Honor ဟာ AMD, Intel, Micron, Microsoft, Samsung, SK Hynix နဲ့ Sony တို့နဲ့လည်း လက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ ငါးလက Honor အတွက် အလွန်ခက်ခဲပေမယ့် အဓိပ္ပာယ်ရှိတဲ့ အချိန်ဖြစ်တယ်လို့ စီအီးအိုက ပြောခဲ့ပါတယ်။ Honor အနေနဲ့ Huawei ဆီက ထွက်ခွာလာတာနဲ့ ပူးပေါင်းသူနဲ့ စားသုံးသူတွေဆီ မျှော်မှန်းချက်တွေကို သိခဲ့ကြပါတယ်။

အခု venture လုပ်ငန်းသစ်မှာ Honor ဟာ အလယ်အလတ်နဲ့ တန်ဖိုးကြီးဈေးကွက်အတွင်း လှုပ်ရှားပြီး နိုင်ငံရပ်ခြားဈေးကွက်ကိုလည်း တိုးချဲ့မယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««