MediaTek ရဲ႕ ပထမဆံုး 5G modem ကို ၂၀၁၉ စမတ္ဖုန္းမ်ားတြင္ ေတြ႕ျမင္ရမည္

[ Zawgyi ]

MediaTek ဟာ 5G လုပ္ေဆာင္ခ်က္ေတြပါဝင္တဲ့ chipset ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခု ျဖစ္လာပါတယ္။Helio M70 လို႔ေခၚဆိုတဲ့ အဲ့ဒီ modem ကို TSMC က 7nm process ေပၚမွာ တည္ေဆာက္သြားမွာ ျဖစ္ၿပီး EUV နည္းပညာ ေပါင္းစပ္ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ တင္ပို႔ေရာင္းခ်မႈကို ၂၀၁၉ မွာ စတင္သြားမွာျဖစ္ပါတယ္။

5G solution ေတြကို ကမၻာတစ္ဝန္းက လက္ေတြ႕အသံုးခ်လာခ်ိန္မွာ နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ specs ေဆြးေႏြးညိႇႏိႈင္းမႈအတြက္ MediaTek က Nokia, China Mobile, Huawei တို႔နဲ႔ ေတြ႕ဆံုခဲ့တယ္လို႔ ကုမၸဏီက ဖြင့္ဟခဲ့ပါတယ္။ အဆိုပါ စံသတ္မွတ္ခ်က္ကို စတင္သံုးစြဲဖို႔အတြက္ ေနာက္ဆံုးေပၚ စည္းမ်ဥ္းစည္းကမ္းေတြကို ထုတ္ျပန္ၿပီးတဲ့ေနာက္ MediaTek က ကမၻာတစ္ဝန္းမွာရိွတဲ့ စမတ္ဖုန္းထုတ္လုပ္ေရာင္းခ်သူေတြနဲ႔ ဆက္သြယ္ေရးေအာ္ပေရတာေတြကို ေထာက္ပံ့ဖို႔အတြက္ Helio M70 ကို မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။

အဆိုပါ ခ်စ္ပ္ရဲ႕ ထုတ္လုပ္မႈနဲ႔ တင္ပို႔ေရာင္္းခ်မႈကို မူလသတ္မွတ္ထားတဲ့အခ်ိန္ထက္ ၆ လေစာလ်င္စြာ စတင္သြားမယ္လို႔ MediaTek က ေၾကညာခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

MediaTek ဟာ 5G လုပ်ဆောင်ချက်တွေပါဝင်တဲ့ chipset ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာပါတယ်။Helio M70 လို့ခေါ်ဆိုတဲ့ အဲ့ဒီ modem ကို TSMC က 7nm process ပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပြီး EUV နည်းပညာ ပေါင်းစပ်ထည့်သွင်းထားတယ်လို့ သိရပါတယ်။ တင်ပို့ရောင်းချမှုကို ၂၀၁၉ မှာ စတင်သွားမှာဖြစ်ပါတယ်။

5G solution တွေကို ကမ္ဘာတစ်ဝန်းက လက်တွေ့အသုံးချလာချိန်မှာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ specs ဆွေးနွေးညှိနှိုင်းမှုအတွက် MediaTek က Nokia, China Mobile, Huawei တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ကုမ္ပဏီက ဖွင့်ဟခဲ့ပါတယ်။ အဆိုပါ စံသတ်မှတ်ချက်ကို စတင်သုံးစွဲဖို့အတွက် နောက်ဆုံးပေါ် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီးတဲ့နောက် MediaTek က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စမတ်ဖုန်းထုတ်လုပ်ရောင်းချသူတွေနဲ့ ဆက်သွယ်ရေးအော်ပရေတာတွေကို ထောက်ပံ့ဖို့အတွက် Helio M70 ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ချစ်ပ်ရဲ့ ထုတ်လုပ်မှုနဲ့ တင်ပို့ရောင််းချမှုကို မူလသတ်မှတ်ထားတဲ့အချိန်ထက် ၆ လစောလျင်စွာ စတင်သွားမယ်လို့ MediaTek က ကြေညာခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena