MEC ဖုန်းတွေမှတ်ပုံတင်ပြီး မပြီး ဘယ်လိုစစ်မလဲ

MEC ဖုန်းတွေမှတ်ပုံတင်ပြီး မပြီးကို သူ့ရဲ့ဝက်ဘ်ဆိုက်ကနေ တစ်ဆင့် စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။

အင်တာနက် Browser ဖွင့်ပြီး www.mectel.com.mm ထဲကို ဝင်ရောက်ကာ ဖုန်းနံပါတ်ရိုက်ထည့် ကြည့်ရမှာဖြစ်ပါတယ်။ မှတ်ပုံတင်ပြုလုပ်ပြီးရင်တော့ Already registered ဆိုတဲ့စာတန်းပေါ်လာမယ်လို့ MEC ကထုတ်ပြန်ထားပါတယ်။

MECTel CDMA 800 MHz ဆင်းမ်ကတ်တွေကို ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ ဆင်းမ်ကတ်ဖြန့်ဖြူးရာဆိုင်တွေနဲ့ အင်းဝဘဏ်ခွဲတွေမှာ သွားရောက် မှတ်ပုံတင်ပြုလုပ်နိုင်ပြီး www.mectel.com.mm ကနေ တစ်ဆင့်လည်း မှတ်ပုံတင်နိုင်တယ်လို့သိရပါတယ်။