MDIS ပညာသင်ဆုများအကြောင်း အွန်လိုင်းဟောပြောပွဲ ပြုလုပ်မည်

Management Development Institute of Singapore ရဲ့ စက်တင်ဘာ မှ နိုဝင်ဘာလအတွင်း ကျောင်းတက်ရောက်လိုတဲ့ နိုင်ငံတကာ ကျောင်းသား ကျောင်းသူတွေ အတွက် ပညာသင်ဆုများအကြောင်း အွန်လိုင်း ဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီထိ Zoom Application မှတစ်ဆင့် ပြုလုပ်သွားမယ်လို့ သိရပါတယ်။

Singapore Education နဲ့ သင်ကြားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ပညာသင်ဆုအခွင့်အရေးတွေကို ဘယ်လို programme တွေမှာ ရယူနိုင်သလဲ၊ ဘယ်သူတွေ လျှောက်ထားရယူနိုင်သလဲ၊ ဘာတွေပြင်ဆင်ထားရမလဲ အစရှိတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ MSI Overseas Education ဖုန်း – ၀၉၅၁၀၃၉၁၅ သို့ ဆက်သွယ်ကာ အခမဲ့ စာရင်းသွင်းပြီး Zoom Link ရယူနိုင်မှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««