MDIS စင်ကာပူ၏ ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုဆိုင်ရာ ဆွေးနွေးပွဲကျင်းပမည်

MDIS Singapore ရဲ့ ၂၀၂၀ ပညာသင်နှစ် အတွက် ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲမှ ညနေ ၄ နာရီ အထိ အဆောင်(၅) ၊ အခန်း(၄)၊ MICT Park၊ AT&S ( Overseas Education Services ) ရုံးခန်း၊ လှိုင်မြို့နယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုလျှောက်ထားနိုင်မယ့် အကြောင်းကို MDIS ရဲ့ကျောင်းတာဝန်ခံမှ ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် MDIS ကျောင်းရဲ့ ဘာသာရပ်ဆိုင်ရာ ကင်းလွတ်ခွင့်များအကြောင်း၊ ကျောင်းလျှောက်ရန် ပြင်ဆင်ထားရမည့် စာရွက်စာတမ်းနှင့် အချက်အလက်များ၊ အင်္ဂလိပ်စာ သတ်မှတ်ချက်များနှင့် ကျောင်းမှပေးအပ်မည့် ဝန်ဆောင်မှုများအကြောင်း၊ ကျောင်းပြီးသည့်နောက် အလုပ်အကိုင် အခွင့်အလမ်းအကြောင်းတို့ကို အသေးစိတ် တစ်ဦးချင်း ဆွေးနွေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း (၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉ )သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။