တိုင္းေဒသႀကီးအဆင့္ MCPA Quiz 2018 ၿပိဳင္ပြဲျပဳလုပ္မည္

ျမန္မာႏိုင္ငံကြန္ပ်ဴတာ ပညာရွင္အသင္းကေန ႏွစ္စဥ္ဦးစီးက်င္းပျပဳလုပ္တဲ့ MCPA Quiz 2018 ၿပိဳင္ပြဲ ျပဳလုပ္မယ္လို႔ သိရပါတယ္။

အစိုးရတကၠသိုလ္၊ ေကာလိပ္နဲ႔ ပုဂၢလိကသင္ တန္းေက်ာင္းေတြက ဘြဲ႔ႀကိဳေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္မွာ ျဖစ္ပါတယ္။ ပထမအဆင့္အေနနဲ႔ Multi Choise Questions Online စာေမးပြဲကို ေျဖဆိုရမွာျဖစ္ပါကာ အမွတ္အမ်ားဆံုး ရရွိတဲ့ အဖြဲ႔ ၅ ဖြဲ႔အေနနဲ႔ ဗဟိုအဆင့္ကို တက္ေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ေၾကာင္းသိရပါတယ္။ ဗဟိုအဆင့္မွာ ပထမရရွိတဲ့ အဖြဲ႔အေနနဲ႔ ႏိုင္ငံအဆင့္တက္ေရာက္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ပါဝင္လိုတဲ့ အဖြဲ႔ေတြအေနနဲ႔ ၾသဂုတ္ ၂၁ ရက္ ေနာက္ဆံုးထား MCPA ကို စာရင္းေပးသြင္းႏိုင္မွာ Online စာေမးပြဲကို ၾသဂုတ္ ၂၄ ရက္မွာ ျပဳလုပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ Online စာေမးပြဲကို ေျဖဆိုခ်ိန္ ၁ နာရီခြဲေပးထားကာ ေမးခြန္းအပုဒ္ ၄၀ ပါဝင္မွာျဖစ္ပါတယ္။ FEExam Text Books, FE Exam Morning old questions စာအုပ္ေတြမွာ ေလ့လာႏိုင္သလို ဒီေနရာမွာ လည္း ဝင္ေရာက္ကာ ေလ့လာႏိုင္ျဖစ္ေၾကာင္း သိရပါတယ္။

ကြန္ပ်ဴတာတကၠသိုလ္ေတြ၊ နည္းပညာေကာလိပ္၊ အျခားတကၠသိုလ္နဲ႔ ပုဂၢလိက သင္တန္းေက်ာင္းေတြမွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ အိုင္တီပညာရပ္ေတြကုိ စိတ္ဝင္စားမႈ ပိုရရွိေစဖို႔အတြက္ ျဖစ္ေၾကာင္းသိရပါတယ္။ ဗဟုသုတ တိုးလာေစဖို႔နဲ႔ အဖြဲ႔ လိုက္ညႇိႏႈိင္း လုပ္ကိုင္ရတဲ့ ယွဥ္ၿပိဳင္မႈေတြမွာ တက္ေျမာက္ေစဖို႔ျဖစ္ေၾကာင္း၊ ႏိုင္ငံတကာအသိအမွတ္ျပဳ စာေမးပြဲေတြနဲ႔ ၿပိဳင္ပြဲေတြမွာ ဝင္ေရာက္ေျဖဆို ယွဥ္ၿပိဳင္တဲ့အခါမွာ အခက္အခဲမရွိေစဖို႔အတြက္ ရည္ရြယ္ကာ ႏွစ္စဥ္ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းကနေ နှစ်စဉ်ဦးစီးကျင်းပပြုလုပ်တဲ့ MCPA Quiz 2018 ပြိုင်ပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

အစိုးရတက္ကသိုလ်၊ ကောလိပ်နဲ့ ပုဂ္ဂလိကသင် တန်းကျောင်းတွေက ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ပထမအဆင့်အနေနဲ့ Multi Choise Questions Online စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါကာ အမှတ်အများဆုံး ရရှိတဲ့ အဖွဲ့ ၅ ဖွဲ့အနေနဲ့ ဗဟိုအဆင့်ကို တက်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်းသိရပါတယ်။ ဗဟိုအဆင့်မှာ ပထမရရှိတဲ့ အဖွဲ့အနေနဲ့ နိုင်ငံအဆင့်တက်ရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပါဝင်လိုတဲ့ အဖွဲ့တွေအနေနဲ့ သြဂုတ် ၂၁ ရက် နောက်ဆုံးထား MCPA ကို စာရင်းပေးသွင်းနိုင်မှာ Online စာမေးပွဲကို သြဂုတ် ၂၄ ရက်မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ Online စာမေးပွဲကို ဖြေဆိုချိန် ၁ နာရီခွဲပေးထားကာ မေးခွန်းအပုဒ် ၄၀ ပါဝင်မှာဖြစ်ပါတယ်။ FEExam Text Books, FE Exam Morning old questions စာအုပ်တွေမှာ လေ့လာနိုင်သလို ဒီနေရာမှာ လည်း ဝင်ရောက်ကာ လေ့လာနိုင်ဖြစ်ကြောင်း သိရပါတယ်။

ကွန်ပျူတာတက္ကသိုလ်တွေ၊ နည်းပညာကောလိပ်၊ အခြားတက္ကသိုလ်နဲ့ ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အိုင်တီပညာရပ်တွေကို စိတ်ဝင်စားမှု ပိုရရှိစေဖို့အတွက် ဖြစ်ကြောင်းသိရပါတယ်။ ဗဟုသုတ တိုးလာစေဖို့နဲ့ အဖွဲ့ လိုက်ညှိနှိုင်း လုပ်ကိုင်ရတဲ့ ယှဉ်ပြိုင်မှုတွေမှာ တက်မြောက်စေဖို့ဖြစ်ကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတွေနဲ့ ပြိုင်ပွဲတွေမှာ ဝင်ရောက်ဖြေဆို ယှဉ်ပြိုင်တဲ့အခါမှာ အခက်အခဲမရှိစေဖို့အတွက် ရည်ရွယ်ကာ နှစ်စဉ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။