MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲ ကျင်းပမည်

MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်၊ MICT Park Conference Hall မှာ ကျင်းပသွားမယ်လို့သိရပါတယ်။

ဒီပြိုင်ပွဲမှာ တိုင်းဒေသကြီးများမှ ပထမဆုရရှိတဲ့ အသင်းများ ထပ်မံယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ MCPA Quiz ပြိုင်ပွဲတွေကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာကောလိပ်များနဲ့ တက္ကသိုလ်များ၊ အခြားတက္ကသိုလ်၊ ကောလိပ်များနဲ့ ပုဂ္ဂလိကသင်တန်းကျောင်းများမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ IT ပညာရပ်များကို စိတ်ဝင်စားမှုပိုမိုရရှိလာပြီး အရည်အသွေး ပြည့်ဝလာစေရန်နဲ့ IT ဆိုင်ရာ ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Team Work လုပ်ကိုင်တတ်စေရန်၊ နိုင်ငံတကာအသိအမှတ်ပြု IT စာမေးပွဲများ ဖြေဆိုရာမှာ အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ