MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၂၂ ရက်၊ ယနေ့နံနက် ၉ နာရီမှစတင်ပြီး MICT Park Conference Hall မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယနေ့ ကျင်းပပြုလုပ်တဲ့ MCPA Quiz 2019 နိုင်ငံအဆင့် ပြိုင်ပွဲမှာ ပထမဆုကို ရန်ကုန်တိုင်းကိုယ်စားပြု Metro IT & Japnanese Language Center မှ အဖွဲ့ကလည်းကောင်း၊ ဒုတိယဆုကို ပဲခူးတိုင်းကိုယ်စားပြု တောင်ငူကွန်ပျူတာတက္ကသိုလ်မှ လည်းကောင်း၊ တတိယဆုပူးတွဲကို မကွေးတိုင်းကိုယ်စားပြု ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်နဲ့ စစ်ကိုင်းတိုင်းကိုယ်စားပြု မုံရွာကွန်ပျူတာတက္ကသိုလ်တို့မှ လည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပတဲ့ MCPA Quiz ပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာကောလိပ်များနဲ့ တက္ကသိုလ်များ၊ အခြားတက္ကသိုလ်၊ ကောလိပ်များနဲ့ ပုဂ္ဂလိကသင်တန်းကျောင်းများမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများ IT ပညာရပ်များကို စိတ်ဝင်စားမှုပိုမိုရရှိလာပြီး အရည်အသွေး ပြည့်ဝလာစေရန်နဲ့ IT ဆိုင်ရာ ပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ အဖွဲ့လိုက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Team Work လုပ်ကိုင်တတ်စေရန်၊ နိုင်ငံတကာအသိအမှတ်ပြု IT စာမေးပွဲများ ဖြေဆိုရာမှာ အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပွဲဖြစ်မြောက်ရေးအတွက် Main Sponsor အဖြစ် Metro IT & Japanese Language Center မှ လည်းကောင်း၊ Association Partner အဖြစ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ Diamond Sponsor အဖြစ် Telecom International Myanmar Co., Ltd @ Mytel နဲ့ ACE Group of Companies တို့မှလည်းကောင်း၊ Gold Sponsor အဖြစ် STI Myanmar University, Galaxy Software Co., Ltd နဲ့ Japan IT & Business College တို့မှလည်းကောင်း၊ Silver Sponsor အဖြစ် Ahtaroo Co., Ltd, Kaspersky Co., Ltd နဲ့ Compute Tech Co., Ltd. တို့မှလည်းကောင်း၊ Technical Partner အဖြစ် Assembler Co., Ltd. နဲ့ Device Partner အဖြစ် KMD နဲ့ Shwe La Min Nagar Co., Ltd. တို့မှလည်းကောင်း၊ Connectivity Provider အဖြစ် 5BB နဲ့ Media Partner အဖြစ် Internet Journal နဲ့ Venue Partner အဖြစ် MICTDC တို့မှလည်းကောင်း အသီးသီး ပံ့ပိုးကူညီခဲ့ကြပါတယ်။