MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲကျင်းပမည့် ရက်ပြောင်းလဲ

MCPA Quiz 2019 နိုင်ငံအဆင့်ပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်အစား အောက်တိုဘာ ၂၂ ရက်ကို ပြောင်းလဲ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါ အခမ်းအနားကို MICT Park Conference Hall မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ တိုင်းဒေသကြီးများ မှ ပထမဆုရရှိတဲ့ အသင်းများ ထပ်မံယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ MCPA Quiz ပြိုင်ပွဲတွေကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာကောလိပ်များနဲ့ တက္ကသိုလ်များ၊ အခြားတက္ကသိုလ်၊ ကောလိပ်များနဲ့ ပုဂ္ဂလိကသင်တန်းကျောင်းများမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ IT ပညာရပ်များကို စိတ်ဝင်စားမှု ပိုမိုရရှိလာပြီး အရည်အသွေး ပြည့်ဝလာစေရန်နဲ့ IT ဆိုင်ရာ ပညာဗဟုသုတများ တိုးပွားလာစေရန်၊ အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Team Work လုပ်ကိုင်တတ်စေရန်၊ နိုင်ငံတကာ အသိအမှတ် ပြု IT စာမေးပွဲများ ဖြေဆိုရာမှာ အဆင်သင့်ဖြစ်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခုကျင်းပပြုလုပ်တဲ့ MCPA Quiz ပြိုင်ပွဲမှာ ဆဋ္ဌမအကြိမ်မြောက် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်တယ်လို့ သိရပါတယ်။