MCPA Quiz ၿပိဳင္ပြဲ ၾသဂုတ္လ ၈ ရက္ေနာက္ဆံုးထားေလွ်ာက္ထားႏိုင္

[Zawgyi]

ျမန္မာႏိုင္ငံကြန္ပ်ဳတာပညာရွင္အသင္းကက်င္းပမယ့္ MCPA Quiz ၿပိဳင္ပြဲကို ၾသဂုတ္လ ၈ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားႏိုင္ေၾကာင္းသိရပါတယ္။

အစိုးရတကၠသိုလ္၊ ေကာလိပ္နဲ႔ပုဂၢလိကသင္တန္းေက်ာင္းေတြရဲ႕ ဘြဲ႔ႀကိဳေက်ာင္းသား၊ ေက်ာင္းသူေတြ ပါ၀င္ေျဖ ဆိုႏိုင္မွာျဖစ္ပါတယ္။ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ေတြေပးသြားမွာျဖစ္ေၾကာင္း၊ Multiple Choice ေမးခြန္း ပံုစံကိုေျဖဆိုရမွာျဖစ္ေၾကာင္း၊ အြန္လိုင္းစာေမးအတြက္ ၂၁.၈.၂၀၁၈ ေနာက္ဆံုး စာရင္းပိတ္မွာျဖစ္ၿပီး ၂၄.၈.၂၀၁၈ မွာ အြန္လိုင္းစာေမးပြဲက်င္းပမွာျဖစ္ေၾကာင္းသိရပါတယ္။ တစ္နာရီခြဲ ေမးခြန္းအပုဒ္ ၄၀ ေျဖဆိုရမွာ ျဖစ္ၿပီး အြန္လိုင္းအဆင့္မွာအမွတ္အမ်ားဆံုးရရွိတဲ့ ငါးဖြဲ႔က ဗဟိုအဆင့္ကို တက္ေရာက္ရမွာျဖစ္ေၾကာင္း၊ ဗဟို အဆင့္မွာ ပထမရရွိတဲ့အဖြဲ႔အေနနဲ႔ ႏိုင္ငံအဆင့္တက္ေရာက္ယွဥ္ ၿပိဳင္ရမွာျဖစ္ေၾကာင္းသိရပါတယ္။
တိုင္းအဆင့္ဗဟိုၿပိဳင္ပြဲကို ၉.၉.၂၀၁၈ ရက္က်င္းပမွာျဖစ္ၿပီး တစ္နာရီအတြင္းေမးခြန္းအပုဒ္ ၂၀ ေျဖဆိုရမွာျဖစ္ပါ တယ္။

ေျဖဆိုမယ့္သူေတြအေနနဲ႔ သက္ဆို္င္ရာတကၠသိုလ္၊ ေကာလိပ္နဲ႔ ပုဂၢလိကသင္တန္းေက်ာင္းေတြမွာ စာ ရင္းေပးသြင္းႏိုင္မွာျဖစ္ပါတယ္။ ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ ကိုလည္း ဆက္သြယ္ႏိုင္ေၾကာင္းသိရပါတယ္။ ကိုးကားရမယ့္စာအုပ္ေတြကေတာ့ FE Exam Text Books, FE Exam Morning old questions တို႔ျဖစ္ပါတယ္။

-ထြန္းထြန္း

Photo Credit: Duwun

[Unicode]

မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းကကျင်းပမယ့် MCPA Quiz ပြိုင်ပွဲကို သြဂုတ်လ ၈ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်းသိရပါတယ်။

အစိုးရတက္ကသိုလ်၊ ကောလိပ်နဲ့ပုဂ္ဂလိကသင်တန်းကျောင်းတွေရဲ့ ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူတွေ ပါ၀င်ဖြေ ဆိုနိုင်မှာဖြစ်ပါတယ်။ ပထမဆု၊ ဒုတိယဆု၊ တတိယဆု တွေပေးသွားမှာဖြစ်ကြောင်း၊ Multiple Choice မေးခွန်း ပုံစံကိုဖြေဆိုရမှာဖြစ်ကြောင်း၊ အွန်လိုင်းစာမေးအတွက် ၂၁.၈.၂၀၁၈ နောက်ဆုံး စာရင်းပိတ်မှာဖြစ်ပြီး ၂၄.၈.၂၀၁၈ မှာ အွန်လိုင်းစာမေးပွဲကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။ တစ်နာရီခွဲ မေးခွန်းအပုဒ် ၄၀ ဖြေဆိုရမှာ ဖြစ်ပြီး အွန်လိုင်းအဆင့်မှာအမှတ်အများဆုံးရရှိတဲ့ ငါးဖွဲ့က ဗဟိုအဆင့်ကို တက်ရောက်ရမှာဖြစ်ကြောင်း၊ ဗဟို အဆင့်မှာ ပထမရရှိတဲ့အဖွဲ့အနေနဲ့ နိုင်ငံအဆင့်တက်ရောက်ယှဉ် ပြိုင်ရမှာဖြစ်ကြောင်းသိရပါတယ်။
တိုင်းအဆင့်ဗဟိုပြိုင်ပွဲကို ၉.၉.၂၀၁၈ ရက်ကျင်းပမှာဖြစ်ပြီး တစ်နာရီအတွင်းမေးခွန်းအပုဒ် ၂၀ ဖြေဆိုရမှာဖြစ်ပါ တယ်။

ဖြေဆိုမယ့်သူတွေအနေနဲ့ သက်ဆို်င်ရာတက္ကသိုလ်၊ ကောလိပ်နဲ့ ပုဂ္ဂလိကသင်တန်းကျောင်းတွေမှာ စာ ရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။ ၀၁-၆၅၂၂၇၆၊ ၀၉-၅၀၆၇၁၆၈ ကိုလည်း ဆက်သွယ်နိုင်ကြောင်းသိရပါတယ်။ ကိုးကားရမယ့်စာအုပ်တွေကတော့ FE Exam Text Books, FE Exam Morning old questions တို့ဖြစ်ပါတယ်။

-ထွန်းထွန်း

Photo Credit: Duwun