MCPA Certified Network Associate (NA) Exam Preparation (Intensive Course) ဖွင့်မည်

MCPA Certified Network Associate (NA) Exam Preparation (Intensive Course) သင်တန်းကို ဒီဇင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ်သွားမယ်လို့သိရပါတယ်။

အဆိုပါသင်တန်းကို MCPA Certified Network Associate (NA) စာမေးပွဲမှာ ဖြေဆိုအောင်မြင်သူတွေ တိုးတက်လာစေဖို့နဲ့ Networking ဆိုင်ရာ အခြေခံဗဟုသုတရရှိစေရန် ရည်ရွယ် ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ Desktop PC Hardware, Networking Fundamental, Desktop OS, WLAN, NOS and Network Environment, Security, Network Management စတာတွေကို သင်ကြားရမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပြီး သင်တန်းကြေး နှစ်သောင်းကျပ် ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ နိုဝင်ဘာ ၂၂ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဖုန်း-၀၁- ၆၅၂၂၇၆ နဲ့ ၀၉-၅၀၆၇၁၆၈ ကို ဆက်သွယ် စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။

-သန္တာ