MBA ကျောင်းသူများ၏ အတွေ့အကြုံဝေမျှပွဲ ပြုလုပ်မည်

James Cook University Singapore Campus မှာ MBA တက်ရောက်နေတဲ့ ကျောင်းသူတွေရဲ့ အတွေ့အကြုံဝေမျှပွဲ “Australian MBA Students Experience Sharing Session” ကို ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီမှ ၅ နာရီအထိ Facebook Live ဖြင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

MBA တက်ရောက်ဖို့ စုံစမ်းနေသူများအတွက် အထူးရည်ရွယ်ပြီး ဩစတြေးလျ အစိုးရတက္ကသိုလ် James Cook University Singapore Campus မှာ လက်ရှိ MBA တက်ရောက်နေတဲ့ ကျောင်းသူလေးများ ဖြစ်တဲ့ မသရဖီကျော် နဲ့ MBA Alumni ဖြစ်တဲ့ မကေခိုင်ချို တို့က အတွေ့အကြုံတွေကို MSI နဲ့အတူ Online ကနေတစ်ဆင့် ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ် ။ Online Learning သင်ယူရပုံနဲ့ ကျောင်းဆောင်မှာသင်ယူရတဲ့ ကွာခြားချက် အပြင် အတန်းဖော်များနဲ့ ပေါင်းသင်းဆက်ဆံရ ပုံအခြေအနေ၊ မိမိရဲ့လုပ်ငန်းအတွေ့အကြုံများနဲ့ JCU MBA က Career အတွက် ဘယ်လောက်အသုံးဝင်တယ်ဆိုတဲ့ အကြောင်း၊ တက်ရောက်နေတဲ့ ကျောင်းသူအနေနဲ့ သူမတို့ရဲ့ Secret Learning Tips များနဲ့ Future Plan များအကြောင်း၊ JCU Singapore ၏ တာဝန်ရှိသူ Country Manager မှ JCU Scholarship Opportunities များအကြောင်းတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေ အနေနဲ့ MSI ပညာရေးဝန်ဆောင်မှု ဖုန်း-၀၉၅၁၀၃၉၁၅ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««