MatePad T10s ကို Pre-Order မှာယူနိုင်ပြီဖြစ်

HUAWEI ရဲ့ အသစ်ထုတ်ကုန်ဖြစ်တဲ့ MatePad T10s ကို Pre-Order မှာယူနိုင်ပြီဖြစ်ပါတယ်။ သတ်မှတ်ကာလတွေမှာ မှာယူပါက လက်ဆောင်ပစ္စည်းများပါ ရရှိမယ်လို့ သိရပါတယ်။ Display အရွယ်အစား 10.1-inch ရှိတဲ့ 1920 x 1200 FHD display IPS Touchscreen ကို သေးသွယ်တဲ့ဘေးဘောင်နဲ့ ဖွဲ့စည်းထားပြီး HUAWEI ClariVu™ နည်းပညာ ထောက်ပံ့ပေးထားပါတယ်။

HUAWEI MatePad T 10 ရဲ့ ဘေးနှစ်ဖက်မှာပါဝင်တဲ့ အဆင့်မြင့် dual-speaker system က အချိုးကျတဲ့အသံကို ပေးစွမ်းပြီး ပိုမိုအားကောင်းတဲ့ အသံစနစ်ကို ရရှိနိုင်ရန် ဖန်တီးပေးထားပါတယ်။ Harman Kardon နဲ့ ဖန်တီးထားတာကြောင့် အရည်အသွေးပြည့်ဝပြီး အသေးစိတ်ကျတဲ့ သံစဉ်တွေကို ရရှိစေမှာပါ။ Octa-core chipset နဲ့ အဆင့်မြင့် algorithm တို့ပေါင်းစပ်ထားတဲ့ EMUI 10.11 က အဆင့်မြင့်သောဂရပ်ဖစ်နဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းပါတယ်။
RAM 3GB, ROM 64 ရှိပြီး storage ထပ်မံတိုးမြှင့်ချင်တယ်ဆိုရင် 512GB အထိ တိုးမြှင့်နိုင်ပါတယ်။ Android OS 10 ကိုအသုံးပြုထားပါတယ်။ ကင်မရာအနေနဲ့ 5mp ကင်မရာနဲ့ 2mp ကင်မရာထောက်ပံ့ပေးထားပြီး Sensor အနေနဲ့ Ambient light sensor, Distance sensor, Gravity sensor တွေထောက်ပံ့ပေးထားပါတယ်။ Battery ကတော့ 5100 mAh ပမာဏရှိမှာ ဖြစ်ပါတယ်။ အလျားလိုက်အသုံးပြုလျှင် app တစ်ခုတည်းကို window နှစ်ခုဖြင့် အသုံးပြုနိုင်တဲ့ HUAWEI App Multiplier2 ထောက်ပံ့ပေးထားပါတယ်။ မျက်လုံး ထိခိုက်စေနိုင်တဲ့ အပြာရောင်အလင်းတန်းများကို လျှော့ချပေးတဲ့ TÜV Rheinland certified Eye Comfort4 လည်း ထောက်ပံ့ပေးထားပါတယ်။ ကလေးငယ်များအတွက် မျက်လုံးကို ကာကွယ်တဲ့ six-layered protection5 လည်း ထောက်ပံ့ပါဝင်ပါတယ်။

အရွယ်အစား 240.2 x 159 x 7.85 mm ရှိပြီး 450g လေးပါတယ်။ Pre-Order ကို နိုဝင်ဘာ ၂၀ ရက်နေ့ကနေ ဒီဇင်ဘာ ၄ ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီး မှာယူသူများအား လက်ဆောင်များ အနေနဲ့ Flip Cover, Thermos Bottle, Huawei Cloud Storage (15GB) နဲ့ MyTel Bundle တို့ကိုပါ ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကို Huawei Mobile ဖုန်း – 09 689 000900 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««