Mate 40 မှာ ကြိုးမဲ့အားသွင်းစနစ်နဲ့ 5G ချိတ်ဆက်မှု ပါဝင်လာနိုင်

ယနေ့ညနေ ၆ နာရီခွဲမှာ မိတ်ဆက်မယ့် Mate 40 စီးရီးဖုန်း ဗီဒီယိုအတိုလေးတွေ ထွက်လာပါတယ်။ နောက်ဆုံးထွက်လာတဲ့ ဗီဒီယိုအရ Mate 40 မှာ ကြိုးမဲ့အားသွင်းစနစ်နဲ့ 5G ပါဝင်လာနိုင်ပါတယ်။

Huawei Mate 40 Pro ဖုန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ ထွက်လာပါသေးတယ်။ Huawei Mate 40 Pro မှာတော့ ကြိုးအားသွင်းစနစ် 65W အထိ ထောက်ပံ့ထားပြီး ကြိုးမဲ့အားသွင်းစနစ်အကြောင်းတော့ မသိသေးပါဘူး။ Huawei Mate 40 ဗီဒီယိုတစ်ခုမှာတော့ အချက်အလက် စီးဆင်းမှုကို ပြထားပါတယ်။ Huawei Mate 40 မှာ 5G modem ပေါင်းစပ်ထားတဲ့ 5nm chipset ပါဝင်လာဖို့ ရှိပါတယ်။

Huawei အနေနဲ့ ညနေ ၆ နာရီခွဲမှာ Mate 40, Mate 40 Pro နဲ့ အခြားမော်ဒယ်တွေ မိတ်ဆက်တဲ့အခါ စောင့်ကြည့်ရပါမယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««