Mate 10 နဲ႔ P20 အတြက္ Huawei GPU Turbo update ၾသဂုတ္လတြင္ ျဖန္႔ခ်ိမည္

[ Zawgyi ]

ကုမၸဏီထုတ္ စမတ္ဖုန္းေတြအတြက္ GPU Turbo update ျဖန္႔ခ်ိမယ့္ အစီအစဥ္ေတြကို Huawei က ေၾကညာခဲ့ပါတယ္။

ၾသဂုတ္လကစၿပီး အခမဲ့ျဖန္႔ခ်ိေပးသြားမယ့္ အဆိုပါ GPU Turbo update ဟာ လက္ရိွဖုန္းအခ်ိဳ႕ရဲ႕ ဂရပ္ဖစ္စြမ္းေဆာင္ရည္ကို ပိုမိုေကာင္းမြန္ေစမွာျဖစ္ပါတယ္။

GPU Turbo ဟာ ကားတစ္စင္းရဲ႕ turbocharger အလုပ္လုပ္ပံုနဲ႔ အလြန္ဆင္တူတယ္လို႔ Huawei က ေျပာပါတယ္။ Huawei ဖုန္းေတြမွာ GPU Turbo update ရရိွတဲ့အခါ ဂရပ္ဖစ္လုပ္ေဆာင္ခ်က္ကို ၆၀ ရာခိုင္ႏႈန္း ပိုမိုေကာင္းမြန္ေစၿပီး စြမ္းအင္သံုးစြဲမႈကို ၃၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ေပးမွာျဖစ္တဲ့အတြက္ ပိုေကာင္းတဲ့ ဂရပ္ဖစ္စြမ္းေဆာင္ရည္ကို ပိုမိုၾကာရွည္တဲ့ ဘက္ထရီသက္တမ္းနဲ႔ အသံုးျပဳႏိုင္ေစမွာျဖစ္ပါတယ္။

Huawei ဟာ GPU Turbo ရဲ႕ အက်ိဳးေက်းဇူးကို အေသအခ်ာ ရရိွေစဖို႔အတြက္ developer ေတြကို လက္တြဲလုပ္ေဆာင္ဖို႔ လိုပါတယ္။ ဒီ update ဟာ PUBG Mobile နဲ႔ Mobile Legends: Bang Bang တို႔ကို ကစားတဲ့အခါ သိသာေစမယ္လို႔ သိရပါတယ္။

GPU Turbo update ျဖန္႔ခ်ိမယ့္ အစီအစဥ္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

– Huawei Mate 10, Mate 10 Pro, Mate RS — ၂၀၁၈ ၾသဂုတ္ကစၿပီး ဥေရာပ၊ ႐ုရွား၊ အာရွပစိဖိတ္၊ အေရွ႕အလယ္ပိုင္း၊ အာဖရိကတို႔မွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei P20 and P20 Pro — ၂၀၁၈ ၾသဂုတ္ကစၿပီး ဥေရာပ၊ ႐ုရွား၊ အာရွပစိဖိတ္၊ အေရွ႕အလယ္ပိုင္း၊ အာဖရိကတို႔မွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei Mate 10 Lite — ၂၀၁၈ စက္တင္ဘာကစၿပီး ေစ်းကြက္အားလံုးမွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei Nova 2i — ၂၀၁၈ စက္တင္ဘာကစၿပီး ေစ်းကြက္အားလံုးမွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei P Smart — ၂၀၁၈ စက္တင္ဘာကစၿပီး ေစ်းကြက္အားလံုးမွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei P20 Lite — ၂၀၁၈ ၾသဂုတ္ကစၿပီး ဥေရာပ၊ အာရွပစိဖိတ္၊ အေရွ႕အလယ္ပိုင္း၊ အာဖရိကတို႔မွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei Y9 (2018) — ၂၀၁၈ စက္တင္ဘာကစၿပီး ေစ်းကြက္အားလံုးမွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei Mate 9 and Mate 9 Pro — ၂၀၁၈ ႏိုဝင္ဘာကစၿပီး ေစ်းကြက္အားလံုးမွာ ျဖန္႔ခ်ိသြားပါမယ္။

– Huawei P10 and P10 Plus — ၂၀၁၈ ႏိုဝင္ဘာကစၿပီး ေစ်းကြက္အားလံုးမွာ ျဖန္႔ခ်ိသြားပါမယ္။

Ref: AndroidCentral

[ Unicode ]

ကုမ္ပဏီထုတ် စမတ်ဖုန်းတွေအတွက် GPU Turbo update ဖြန့်ချိမယ့် အစီအစဉ်တွေကို Huawei က ကြေညာခဲ့ပါတယ်။

သြဂုတ်လကစပြီး အခမဲ့ဖြန့်ချိပေးသွားမယ့် အဆိုပါ GPU Turbo update ဟာ လက်ရှိဖုန်းအချို့ရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။

GPU Turbo ဟာ ကားတစ်စင်းရဲ့ turbocharger အလုပ်လုပ်ပုံနဲ့ အလွန်ဆင်တူတယ်လို့ Huawei က ပြောပါတယ်။ Huawei ဖုန်းတွေမှာ GPU Turbo update ရရှိတဲ့အခါ ဂရပ်ဖစ်လုပ်ဆောင်ချက်ကို ၆၀ ရာခိုင်နှုန်း ပိုမိုကောင်းမွန်စေပြီး စွမ်းအင်သုံးစွဲမှုကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးမှာဖြစ်တဲ့အတွက် ပိုကောင်းတဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်ကို ပိုမိုကြာရှည်တဲ့ ဘက်ထရီသက်တမ်းနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Huawei ဟာ GPU Turbo ရဲ့ အကျိုးကျေးဇူးကို အသေအချာ ရရှိစေဖို့အတွက် developer တွေကို လက်တွဲလုပ်ဆောင်ဖို့ လိုပါတယ်။ ဒီ update ဟာ PUBG Mobile နဲ့ Mobile Legends: Bang Bang တို့ကို ကစားတဲ့အခါ သိသာစေမယ်လို့ သိရပါတယ်။

GPU Turbo update ဖြန့်ချိမယ့် အစီအစဉ်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

– Huawei Mate 10, Mate 10 Pro, Mate RS — ၂၀၁၈ သြဂုတ်ကစပြီး ဥရောပ၊ ရုရှား၊ အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတို့မှာ ဖြန့်ချိသွားပါမယ်။

– Huawei P20 and P20 Pro — ၂၀၁၈ သြဂုတ်ကစပြီး ဥရောပ၊ ရုရှား၊ အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတို့မှာ ဖြန့်ချိသွားပါမယ်။

– Huawei Mate 10 Lite — ၂၀၁၈ စက်တင်ဘာကစပြီး စျေးကွက်အားလုံးမှာ ဖြန့်ချိသွားပါမယ်။

– Huawei Nova 2i — ၂၀၁၈ စက်တင်ဘာကစပြီး စျေးကွက်အားလုံးမှာ ဖြန့်ချိသွားပါမယ်။

– Huawei P Smart — ၂၀၁၈ စက်တင်ဘာကစပြီး စျေးကွက်အားလုံးမှာ ဖြန့်ချိသွားပါမယ်။

– Huawei P20 Lite — ၂၀၁၈ သြဂုတ်ကစပြီး ဥရောပ၊ အာရှပစိဖိတ်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတို့မှာ ဖြန့်ချိသွားပါမယ်။

– Huawei Y9 (2018) — ၂၀၁၈ စက်တင်ဘာကစပြီး စျေးကွက်အားလုံးမှာ ဖြန့်ချိသွားပါမယ်။

– Huawei Mate 9 and Mate 9 Pro — ၂၀၁၈ နိုဝင်ဘာကစပြီး စျေးကွက်အားလုံးမှာ ဖြန့်ချိသွားပါမယ်။

– Huawei P10 and P10 Plus — ၂၀၁၈ နိုဝင်ဘာကစပြီး စျေးကွက်အားလုံးမှာ ဖြန့်ချိသွားပါမယ်။

Ref: AndroidCentral