Mastering Phonetics & Vocabulary (Online) Course ပို့ချမည်

အင်္ဂလိပ်ဘာသာစကားဆိုင်ရာ အသံထွက်နဲ့ ဝေါဟာရတည်ဆောက်ခြင်းကို စနစ်တကျလေ့လာလိုတဲ့ သူတွေအတွက် Mastering Phonetics & Vocabulary အွန်လိုင်းတန်းခွဲသစ်ကို ဇူလိုင် ၂၅ ရက်တွင် စတင်တော့မှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို မိမိရဲ့ အင်္ဂလိပ်အသံထွက် အမှားတွေကို ပြင်ဆင်ပြီး နိုင်ငံတကာအဆင့်မီ စနစ်တကျ အသံထွက်တတ်ချင်သူတွေနဲ့ အင်္ဂလိပ်စကားလုံး ဝေါဟာရကြွယ်ဝလိုသူတွေ၊ အထက်တန်းကျောင်းသားများမှသည် အင်္ဂလိပ်အသံထွက် ကောင်းမွန်လိုသူ မည်သူမဆို တက်ရောက်နိုင်မယ်လို့ သိရပါတယ်။ တက်ရောက်ပြီးပါက စကားလုံးအသစ် တစ်လုံးကို အနီးစပ်ဆုံး အသံထွက်တတ်ပြီး ဆိုလိုရင်းကို ဆက်စပ်စဉ်းစားတတ်လာခြင်း Met, Mat, Math ၊ Begin, Began, Begun စတဲ့ စကားလုံးတွေကို ကွဲကွဲပြားပြား အသံထွက်တတ်ပြီး Listening နဲ့ Speaking အတွက် သိသိသာသာ အထောက်အကူဖြစ်စေလာခြင်း၊ IELTS Listening နဲ့ Speaking အတွက်လည်း အတိုင်းအတာတစ်ခုအထိ ပြင်ဆင်ပြီးသား ဖြစ်ခြင်း စတဲ့ ကောင်းကျိုးများ ရရှိနိုင်မယ်လို့ သိရပါတယ်။

သင်တန်းကို စနေ တနင်္ဂနွေနေ့တိုင်း နေ့လယ် ၁၂ နာရီမှ ၁း၃၀ အထိ (၆) ပတ်အကြာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၄၀,၀၀၀ ကျပ်ဖြစ်ပြီး အစိုးရကျောင်း ၊ ကိုယ်ပိုင်ကျောင်း ၊ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများအတွက် သင်တန်းကြေး ၅၀ ရာခိုင်နှုန်းနဲ့ သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကို ROP သပြေကုန်း ဖုန်း ၀၉၇၇၉၉၇၇၈၃၂ နဲ့ ၀၉၄၂ ၄၆၈၄၄၄၅ မှာ စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ