Mastercard အနေဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်းအခြေစိုက်ရုံးခွဲအား ဖွင့်လှစ်သွားမည်

Mastercard အနေနဲ့ သီးခြားရုံးခွဲ ဖွင့်လှစ်ရန် စတင်လုပ်ဆောင်လျက်ရှိပြီး မြန်မာနိုင်ငံအတွက် country business development manager တစ်ဦးကို ခန့်အပ်သွားမယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံသူ နိုင်ငံသားများနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အချိန်မရွေး ငွေပေးချေမှုများ လုပ်ဆောင်နိုင်ဖို့ အခုလို အမြော်အမြင်ကောင်းနဲ့ ပံ့ပိုးပေးနေပြီး တကယ့်ကို ကောင်းမွန်တဲ့ လုပ်ပိုင်ခွင့် အခွင့်အလမ်းတွေကို ဖန်တီးပေးနေတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအသွင် ကူးပြောင်းမှုဟာ ပိုမိုကောင်းမွန်တဲ့ အလားအလာများစွာ ရှိနေတာကို မျက်မြင်တွေ့နေရပါတယ်။ Mastercard အနေနဲ့လည်း နှစ်ပေါင်းများစွာကတည်းက ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းရာကျော်ရဲ့ ငွေပေးချေရေးဂေဟစနစ် ပိုမို အဆင့်မြင့် အားကောင်းလာစေရေး အတွက် လက်တွဲလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် ထားရှိတဲ့ ရည်မှန်းချက်ကလည်း ဒီအတိုင်းပါပဲ။ Mastercard ရဲ့ နိုင်ငံတကာမှာ လက်တွေ့လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ နည်းပညာတွေကို ယူဆောင်လာပေးပြီး ပြည်တွင်းမှာ အခြေချလုပ်ကိုင်ရင်း နိုင်ငံတွင်းအခြေအနေကို နားလည်အောင်ကြိုးစားသွားမှာပါ။ ဒီကနေ နိုင်ငံအတွက် စိတ်ချယုံကြည်ရတဲ့ ဒီဂျစ်တယ် အနာဂတ်ကို မြန်ဆန်မှု၊ ထိရောက်မှု၊ လုံခြုံစိတ်ချရမှု စတဲ့ ဝန်ဆောင်မှုတွေပေးပြီး ကူညီဖော်ဆောင်ပေးသွားဖို့ ရည်ရွယ်ပါတယ်” လို့ Mastercard၊ Southeast Asia Emerging Markets ရဲ့ Division President ဖြစ်သူ Safdar Khan ကပြောကြားခဲ့ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««