Mastercard မှ ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) စိစစ်ရေးပလက်ဖောင်းကို မိတ်ဆက်

Mastercard အနေနဲ့ ဗဟိုဘဏ်များအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အသုံးပြုမှုတွေကို လုပ်ဆောင်နိုင်ဖို့ တရားဝင် အွန်လိုင်းစနစ်စိစစ်ရေး ပလက်ဖောင်းကို ထုတ်လုပ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဆိုပါ ပလက်ဖောင်းမှတစ်ဆင့် ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးသော လုပ်ငန်းတွေနဲ့ သုံးစွဲသူများအကြား ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) ထုတ်လုပ်မှုနဲ့ လဲလှယ်မှုတို့အား အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင်မယ်လို့သိရပါတယ်။ ထို့အတွက် ဗဟိုဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နည်းပညာနဲ့ငွေကြေးအကြံပေးလုပ်ငန်းတွေကို Mastercard မှ ပူးပေါင်းရန် ဖိတ်ခေါ်လျက်ရှိပြီး ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) နည်းပညာ လုပ်ဆောင်ပုံများအား အသုံးပြုခြင်း၊ အသုံးပြုမှုမှတ်တမ်းကို အထောက်အထားထုတ်ယူခြင်း၊ စီးပွားရေးလုပ်ငန်းတွေနဲ့ consumer များအသုံးပြုနေသော လက်ရှိငွေပေးချေရေးစနစ်တွေနဲ့ ချိတ်ဆက်ခြင်းတို့အတွက် အကူအညီတွေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ဗဟိုဘဏ်တွေအနေနဲ့ ရည်မှန်းချက်များစွာနဲ့ ၎င်းတို့ကိုယ်ပိုင် ဒီဂျစ်တယ်ငွေကြေးများ ပေါ်ပေါက်လာစေရေးအတွက် ငွေပေးချေရေးဂေဟစနစ် ကို အဆင့်မြှင့်တင်ပြီး ငွေကြေးအသုံးပြုမှု (Financial Inclusion) ကို အားပေးခြင်းကဲ့သို့သော စမ်းသပ်မှုတွေ ပြုလုပ်နေတာကိုတွေ့ရပါတယ်။ Mastercard အနေနဲ့လည်း ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အကောင်အထည်ဖော်မှုမှာ ပါဝင်လိုတဲ့ ပြည်သူပိုင်အဖွဲ့အစည်းတွေ၊ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာနည်းပညာလုပ်ငန်းတွေ၊ အကြံပေးလုပ်ငန်းတွေနှင့်အတူ နည်းပညာ ဆန်းသစ်တီထွင်မှုတွေကို ပြုလုပ်ပေးနေပြီး ကျွန်တော်တို့ထားရှိတဲ့ အဓိက ရည်မှန်းချက်များ၊ စံနှုန်းများနှင့် ထပ်တူကျတဲ့ ပါတနာတွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။ ဒီပလက်ဖောင်းဟာ ဗဟိုဘဏ်တွေအတွက် ယခုနဲ့ နောင်အနာဂတ်မှာ ပြည်တွင်း၊ ပြည်ပ စီးပွားရေးချဲ့ထွင်မှုတွေအတွက် ဆုံးဖြတ်ချက်တွေ မှန်ကန်စွာချမှတ်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ” လို့ Digital Asset and Blockchain Products and Partnerships, Mastercard ရဲ့ Executive Vice President ဖြစ်သူ Raj Dhamodharan ကပြောကြားခဲ့ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««