Master of Business Administration (MBA) ပညာသင္ဆုအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

Master of Business Administration (MBA) ပညာသင္ဆုအတြက္ ဘာသာရပ္အလိုက္ ေလွ်ာက္ထားႏိုင္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွတစ္ဆင့္ The Project for Human Resource Development Scholarship by Japanese Grant Aid (JDS) in Myanmar 2019 (for AY 2020-2021) အစီအစဥ္အရ ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ ေလွ်ာက္ထားႏုိင္မယ့္ ဘာသာရပ္ေတြက Economic/ Business Administration International University of Japan (IUJ) Master of Business Administration (MBA), Economic/Business Administration Ritsumeikan Asia Pacific Administration Master of Business Administration (MBA) နဲ႔ Information and Communication Technology (ICT) International University of Japan (IUJ) Master of Business Administration (MBA) တို႔ ျဖစ္ပါတယ္။

ပညာသင္ဆုေတြကို ကုန္သည္စက္မႈအသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ားမွ အမႈေဆာင္မ်ား (သို႔) ဝန္ထမ္းမ်ားနဲ႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ အသင္းဝင္ကုမၸဏီမ်ား၏ အဖြဲ႕ဝင္မ်ား (သို႔) ဝန္ထမ္းမ်ားအေနနဲ႔ ပူးတြဲပါ သတ္မွတ္အရည္အခ်င္းမ်ားနဲ႔ ကိုက္ညီသူမ်ား ေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။

ပညာသင္ဆုေတြကို ၾသဂုတ္ ၁၆ ရက္ ေနာက္ဆံုးထားၿပီး ကုန္သည္စက္မႈအသင္းခ်ဳပ္၊ HRD ဌာနသို႔ ကိုယ္တိုင္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို ကုန္သည္စက္မႈအသင္းခ်ဳပ္၊ HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ လိုင္းခြဲ ၁၃၃၊၁၃၄ ကို ဆက္သြယ္စံုစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

Master of Business Administration (MBA) ပညာသင်ဆုအတွက် ဘာသာရပ်အလိုက်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် The Project for Human Resource Development Scholarship by Japanese Grant Aid (JDS) in Myanmar 2019 (for AY 2020-2021) အစီအစဉ်အရ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လျှောက်ထားနိုင်မယ့် ဘာသာရပ်တွေက Economic/ Business Administration International University of Japan (IUJ) Master of Business Administration (MBA), Economic/Business Administration Ritsumeikan Asia Pacific Administration Master of Business Administration (MBA) နဲ့ Information and Communication Technology (ICT) International University of Japan (IUJ) Master of Business Administration (MBA) တို့ ဖြစ်ပါတယ်။

ပညာသင်ဆုတွေကို ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ (သို့) ဝန်ထမ်းများနဲ့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ဝန်ထမ်းများအနေနဲ့ ပူးတွဲပါ သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီသူများ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ပညာသင်ဆုတွေကို သြဂုတ် ၁၆ ရက် နောက်ဆုံးထားပြီး ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာနသို့ ကိုယ်တိုင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ကုန်သည်စက်မှုအသင်းချုပ်၊ HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ လိုင်းခွဲ ၁၃၃၊၁၃၄ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။