Master of Business Administration (Global MBA) ကို ပညာသင္ဆုျဖင့္ ေလွ်ာက္ထားႏုိင္

[ Zawgyi ]

ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္နဲ႔ University of the Thai Chamber of Commerce (UTCC) တို႔ ပူးေပါင္းၿပီး “Master of Business Administration (Global MBA)” (Batch-11) ကုိ ပညာသင္ဆုနဲ႔ ေလွ်ာက္ထားႏုိင္မွာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ Global MBA အတန္းကို ၾသဂုတ္လမွာ ဖြင့္လွစ္သြားမွာ ျဖစ္ပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ ျမန္မာႏိုင္ငံသား၊ ဘြဲ႕တစ္ခုခုရရွိၿပီး လုပ္သက္အနည္းဆံုး ၁ ႏွစ္ရွိသူ၊ TOEFL Score 550 (သို႔) အဂၤလိပ္စာ ကြ်မ္းက်င္သူမ်ား ပါဝင္ေလွ်ာက္ထား ႏိုင္တယ္လို႔ သိရပါတယ္။ ေဖာ္ျပပါ အရည္အခ်င္း ျပည့္စံုသူေတြအေနနဲ႔ UMFCCI နဲ႔ UTCC တို႔မွ က်င္းပတဲ့ ေရးေျဖစာေမးပြဲမ်ားနဲ႔ လူေတြ႔စာေမးပြဲမ်ားကို ဝင္ေရာက္ ေျဖဆိုရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ပညာသင္ဆုေလွ်ာက္ထားလုိသူေတြအေနနဲ႔ ဒီေနရာမွာ ကိုယ္ေရးအခ်က္အလက္၊ ပညာအရည္အခ်င္း အေထာက္အထားမ်ားနဲ႔ လက္ရွိတာဝန္ ထမ္းေဆာင္ေနတဲ့ အသင္း/ ကုမၸဏီဝန္ထမ္း (သို႔) အမႈေဆာင္ျဖစ္ေၾကာင္း ေထာက္ခံစာကို ျဖည့္စြက္ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

ပညာသင္ဆု ေလွ်ာက္ထားတက္ေရာက္လိုသူေတြ အေနနဲ႔ ဇြန္လ ၂၈ ရက္ ေနာက္ဆုံးထား ေပးပို႔ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အေသးစိတ္သိရွိလိုပါက HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင္းခြဲ ၁၃၃၊ ၁၃၄) ကုိ ဆက္သြယ္စုံစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းပြီး “Master of Business Administration (Global MBA)” (Batch-11) ကို ပညာသင်ဆုနဲ့ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Global MBA အတန်းကို သြဂုတ်လမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံသား၊ ဘွဲ့တစ်ခုခုရရှိပြီး လုပ်သက်အနည်းဆုံး ၁ နှစ်ရှိသူ၊ TOEFL Score 550 (သို့) အင်္ဂလိပ်စာ ကျွမ်းကျင်သူများ ပါဝင်လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ ဖော်ပြပါ အရည်အချင်း ပြည့်စုံသူတွေအနေနဲ့ UMFCCI နဲ့ UTCC တို့မှ ကျင်းပတဲ့ ရေးဖြေစာမေးပွဲများနဲ့ လူတွေ့စာမေးပွဲများကို ဝင်ရောက် ဖြေဆိုရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေအနေနဲ့ ဒီနေရာမှာ ကိုယ်ရေးအချက်အလက်၊ ပညာအရည်အချင်း အထောက်အထားများနဲ့ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ အသင်း/ ကုမ္ပဏီဝန်ထမ်း (သို့) အမှုဆောင်ဖြစ်ကြောင်း ထောက်ခံစာကို ဖြည့်စွက် လျှောက်ထားရမှာ ဖြစ်ပါတယ်။

ပညာသင်ဆု လျှောက်ထားတက်ရောက်လိုသူတွေ အနေနဲ့ ဇွန်လ ၂၈ ရက် နောက်ဆုံးထား ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ ၁၃၃၊ ၁၃၄) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ