Marketing Management ရက်တိုသင်တန်းဖွင့်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ Marketing Management ရက်တိုသင်တန် းဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ Myanmar – India Entrepreneurship Development Center တို့မှ ဖွင့်လှစ်တာဖြစ်ပြီး ဖေဖော်ဝါရီ ၄ ရက်မှ ၁၄ ရက်အထိ ၈ ရက်တာ ကြာမြင့်မှာဖြစ်ပါတယ်။ ရုံးချိန်လွတ် ညနေပိုင်းသင်တန်း ဖြစ်ပြီး သင်တန်းချိန်မှာ ညနေ ၅ နာရီခွဲမှ ည ၇ နာရီခွဲထိ ဖြစ်ပါတယ်။ သင်တန်းကြေး ငါးသောင်းကျပ် တိတိ ဖြစ်ပြီး ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) မှာ တက်ရောက်ရမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တိုက်ရိုက်ပေးအပ်တဲ့ သင်တန်းဆင်းလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ဖုန်း – ၀၁-၆၆၄၆၈၄၊ ၀၉၉၆၃၃၅၉၄၅၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ